အမေရိကန်နဲ့ တင်းမာမှုအရှိန်ရှိနေချိန်မှာပဲ အီရန်ရေတပ်က စမတ်ဒုံးကျည် အပါအဝင် စစ်လက်နက်ပစ္စည်းအများအပြား လွှဲပြောင်းရယူ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၅
အီရန်ရေတပ်ဟာ အကွာအဝေးမိုင်ပေါင်း ၆၂ဝ ကျော်အထိရောက်ရှိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ စမတ်ဒုံးကျည်ကို လွှဲပြောင်းရယူခဲ့ကြောင်း သိရပါတယ်။ အဲဒီဒုံးကျည်ဟာ ပစ်မှတ်ကို မရောက်ခင် လမ်းမှာ ပစ်မှတ်ကိုပြောင်းလဲနိုင်စွမ်းရှိပြီး အီရန်နိုင်ငံထုတ် စွမ်းရည်မြင့် ဒုံးကျည်ဖြစ်ကြောင်း သိရပါတယ်။
“Talaeiyeh” လို့ အမည်ပေးထားတဲ့ တာဝေးပစ်ဒုံးကျည်ဟာ ပစ်ခတ်ပြီးနောက် ပစ်မှတ်ကို မရောက်ခင် အခြားပစ်မှတ်တွေကိုလည်း လမ်းကြောင်းပြောင်းလဲနိုင်စွမ်းရှိကြောင်း၊ အီရန်ရေတပ်ဗိုလ်ချုပ်ကြီး ရှာရမ် အီရာနီက ပြောပါတယ်။
အီရန်ရေတပ်ဟာ ဒီဇင်ဘာ ၂၄ ရက်မှာ “Talaeiyeh” အမည်ရှိ ဒုံးကျည်ဟာ အကွာအဝေး ၁ဝဝကီလိုမီတာအထိ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတဲ့ “Nasir” ဒုံးကျည်ကိုလည်း လွှဲပြောင်းရယူခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ ၂၄ ရက်က အီရန်စစ်တပ်လွှဲပြောင်းရယူခဲ့တဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ ဒရုန်းအသစ်တွေ၊ ထောက်လှမ်းရေးစနစ်တွေ တပ်ဆင်ထားတဲ့ ရဟတ်ယာဉ်တွေ၊ tugboats တွေကိုလည်းလွှဲပြောင်း ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ အီရန်ဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲဖြစ်ပွားနေချိန်မှာ အမေရိကန်၊ အစ္စရေးနိုင်ငံတို့နဲ့တင်းမာမှုတွေမြင့်တက်လာနေကြောင်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ပင်လယ်နီဒေသမှာ ကုန်စည်သင်္ဘောတွေကိုတိုက်ခိုက်နေတဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေမှာ အီရန်နိုင်ငံ ပါဝင်နေကြောင်း စွပ်စွဲပြောဆိုထားရာ အီရန် နဲ့ အမေရိကန်နိုင်ငံကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာနေကြောင်း သိရပါတယ်။
ဒါ့အပြင် အမေရိကန်စစ်ဌာနချုပ်က အီရန်ဟာ အိန္ဒိယသမုဒ္ဒရာထဲမှာ ဂျပန်နိုင်ငံပိုင် သင်္ဘောတစ်စီးကို ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား သဘောတူ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ