တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား သဘောတူ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၅
ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ဟာ တင်းမာမှုအရှိန်လျော့ချနိုင်ဖို့ နှစ်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
တောင်တရုတ်ပင်လယ်မှာ ပိုင်နက်နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံဟာ အငြင်းပွားမှုတွေ ပိုမိုဖြစ်လာခဲ့ပြီးနောက် တရုတ်စစ်သင်္ဘောတွေက ဖိလစ်ပိုင်သင်္ဘောတွေကို ဝင်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးမာနာလိုတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖုန်းကတဆင့် ဆွေးနွေးခဲ့ပြီး အငြင်းပွားမှုတွကို ပွင့်လင်းစွာတွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက "အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ အဓိကအရေးကြီးပါတယ်" လို့ ပြောပါတယ်။
တောင်ရုတ်ပင်လယ်မှာ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံကြား ပိုင်နက်နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး တတိယအဖွဲ့အစည်းနိုင်ငံ ပါဝင်လာမှာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက သတိပေးပြောဆိုခဲ့ပြီး မိမိနိုင်ငံကို ကာကွယ်ခွင့်အရ တုံ့ပြန်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲရက်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ ကျူးကျော်ဝင်ရောက်နေပြီး တရုတ်နိုင်ငံရဲ့ဥပဒေအခွင့်ရေးနဲ့ တရားဝင်မှုတွေကို ထိခိုက်စေဖို့လုပ်နေကြောင်း သိရပါတယ်။ တရုတ်အစိုးရက တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အားလုံးရဲ့ ၈ဝ ရာခိုင်နှုန်းနီးပါးကို ပိုင်ဆိုင်ထားကြောင်း ပြောပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်တို့ဟာ ပိုင်နက်နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး ၂ဝ၁၆ ခုနှစ်က နိုင်ငံတကာခုံရုံးကိုရောက်ရှိခဲ့ပြီး နိုင်ငံတကာခုံရုံးက တရုတ်နိုင်ငံရဲ့ပြောဆိုချက်တွေကို ငြင်းဆန်ကာဖိလစ်ပိုင်ကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက နိုင်ငံတကာခုံရုံးရဲ့ဆုံးဖြတ်ချက်တွေကို ငြင်းဆန်ပယ်ချထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နမ္မတူမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ မီးလောင်မှုဖြစ်ပွား
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ