မုံရွာမြို့၌ တိုင်းဝန်ကြီးချုပ်ပါဝင်သော လမ်းလျှောက်ပွဲကျင်းပနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့
Pearl (NSS) - ဒီဇင်ဘာ ၂၄
မုံရွာမြို့၌ တိုင်းဝန်ကြီးချုပ်ပါဝင်သော လမ်းလျှောက်ပွဲ ကျင်းပနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့ခံများထံမှ သိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်သည် ယမန်နေ့ (ဒီဇင်ဘာ ၂၃ ရက်)၊ နံနက် (၇)နာရီ၊ (၄၅)မိနစ် အချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်ဘက် ကန်သာယာ၊ ကန်ပတ်လမ်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါကန်ပတ်လမ်းအနီးတွင် စစ်ကိုင်းတိုင်း၀န်ကြီးချုပ် ဦးမြတ်ကျော် ပါဝင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ လမ်းလျှောက်ပွဲပြုလုပ်နေစဉ်အချိန်တွင် ယင်းကန်ပတ်လမ်း၏ အခြားနေရာ၌ အသံဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ဆိုသည်။
"အသံဗုံးပေါက်တာပါ။ လမ်းလျှောက်ပွဲနဲ့ ဝေးတယ်" ဟု မုံရွာမြို့ခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် အခင်းဖြစ်နေရာအနီးရှိ အရပ်သား (၅)ဦးသည် ထိခိုက်ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့ကြောင်း သိရသည်။
အထက်ပါပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ NP News အနေဖြင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။
အလားတူ ဒီဇင်ဘာ (၂၃)ရက် ၊ ညနေ (၅)နာရီ ၃ဝ မိနစ် အချိန်ခန့်တွင် မုံရွာမြို့၊ တိုင်း လ.ဝ.က ရုံး အနီး၌ အသံဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း မုံရွာမြို့ခံများက ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ဦးခရိုင်ရဲတပ်ဖွဲ့ရုံးကို AA အဖွဲ့ လာရောက်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိနေ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ