ရပ်ထားသည့်လမ်းကြိတ်စက်ကို အိမ်စီးကားမှ ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ထားသည့် လမ်းကြိတ်စက်ကို အိမ်စီးကားမှ ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၂၁ ရက်)၊ ည ၁၁ နာရီအချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏဘောလုံးကွင်းရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဝင်တိုက်တဲ့ကားက ယာဉ်မောင်း နဲ့ ဘေးကလိုက်တဲ့လူက မူးနေတာ။ အဲဒီမှာ ရပ်ထားတဲ့ လမ်းကြိတ်စက်ကိုဝင်တိုက်တာ။ တော်တော်လေးကို အရှိန်ပြင်းတယ်”ဟု Medical လူငယ်များလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၃၀)ဝန်းကျင်အ ရွယ်ရှိ အိမ်စီးကားပေါ်မှ အမျိုးသားတစ်ဦး၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“ဝင်တိုက်တဲ့ကားပေါ်က ယာဉ်မောင်းက မဖြစ်ဘူး။ ဘေးနားကထိုင်လိုက်လာတဲ့ အမျိုးသားက ကားရှေ့မှန်နဲ့ခေါင်းနဲ့ဆောင်မိတာ။ ခေါင်းက ကားရှေ့မှန်ထဲကို ဝင်သွားတော့ ခေါင်းထိခိုက်ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့အခြေအနေပါ။ ကားကတော့တော်တော်လေး ပျက်စီး သွားတယ်။ အရင်ကလည်းအဲဒီနေရာတွေက ခဏခဏဖြစ်လေ့ရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားအား Medical လူငယ်များလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ ဆက် လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်အဖွဲ့တွေ လက်နက်မချရင် သေဆုံးရမယ်လို့ အစ္စရေးဝန်ကြီးချုပ် ထပ်မံသတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ