ဟားမက်စ်အဖွဲ့တွေ လက်နက်မချရင် သေဆုံးရမယ်လို့ အစ္စရေးဝန်ကြီးချုပ် ထပ်မံသတိပေး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၂
ဟားမက်စ်လက်နက်ကိုင်အဖွဲ့အနေနဲ့ လက်နက်မချဘူးဆိုရင်တော့ သေဆုံးရမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးနိုင်ငံအနေနဲ့ နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်နေရပေမယ့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီးနိုင်ပွဲရယူနိုင်ချိန်အထိ တိုက်ခိုက်သွားမယ်လို့ ဝန်ကြီး ချုပ်နေတန်ရာဟုကပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "ဂါဇာဒေသစစ်ပွဲကိုအနိုင်ရချိန်အထိ တိုက်သွားမယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေ မရမချင်း စစ်ပွဲကို ရပ်တန့်မှာမဟုတ်ဘူး။ ဟားမက်စ်အဖွဲ့ကို အပြီးသတ်နိုင်ပွဲရယူဖို့ နဲ့ ပြန်ပေးဆွဲခံရသူတွေ အမြန်ဆုံးပြန်လွှတ်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်။ ဟားမက်စ်အဖွဲ့တွေမှာ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ တစ်ခုက အညံ့ခံအဖမ်းခံမလား ဒါမှမဟုတ် အသေခံမလား ဆိုတာပါ"လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံဟာ ဟားမက်စ်အဖွဲ့က အစ္စရေးနိုင်ငံကို နောက်ထပ်ခြိမ်းခြောက်မှုလို့မရတဲ့အခြေအနေမျိုးဖြစ်အောင် တိုက်ခိုက်သွားမှာဖြစ်ကြောင်းအစ္စရေးဝန်ကြီး ချုပ် ကပြောပါတယ်။
"အစ္စရေးဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို သုတ်သင်ပြီးနောက် ဂါဇာဒေသကနေ အစ္စရေးနိုင်ငံကို နောက်ထပ်ခြိမ်းခြောက်မှုတွေ မဖြစ်အောင်လုပ်ဆောင်သွားမယ်။ ဒီလိုမျိုးလုပ်ဆောင်မယ့် အစီအစဉ်ကို ဘယ်သူတွေ ဘယ်လိုထင်ထင် လုပ်ဆောင်ရမယ့်ကိစ္စတွေကို ဆက်လက်လုပ်ဆောင်သွားမယ်"လို့ အစ္စရေးဝန်ကြီးချုပ်က ထပ်မံပြောပါတယ်။
ဟားမက်စ်အဖွဲ့ဟာ သီတင်းပတ်တစ်ပတ်ကြာပြုလုပ်မယ့် ယာယီအပစ်ခတ်ရပ်စဲရေးကာလအတွင်း ဓါးစာခံအဖြစ် ဖမ်းဆီးထားသူအနည်းဆုံး (၄၀)ဦး ပြန်လွှတ်ပေးရမယ်ဆိုတဲ့ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က အခုလိုမျိုး တုံ့ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းမှာ ဟားမက်စ်အဖွဲ့ နဲ့ အစ္စရေးနိုင်ငံကြား ယာယီအပစ်ခတ်ရပ်စဲရေး (၇) ရက်ကြာရယူနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလမှာ တိုက်ပွဲများပြန်ဖြစ်လာခဲ့ပြီး ဟားမက်စ်အဖွဲ့လက်ထဲမှာပြန်ပေးဆွဲခံထားရသူအရေ အတွက် (၁၂၀)နီးပါးရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Naypyitaw State Academy ကို နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်အောင် ဦးတည်ချက်ထားဆောင်ရွက်နေ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ