Naypyitaw State Academy ကို နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်အောင် ဦးတည်ချက်ထားဆောင်ရွက်နေ
ယွန်း (NSS) - ဒီဇင်ဘာ ၂၂
Naypyitaw State Academy ကို နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်အောင် ဦးတည်ချက်ထားဆောင်ရွက်နေကြောင်း ပညာရေးဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ဒီဇင်ဘာလ(၂၁)ရက်တွင် Naypyitaw State Academy သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဥ် အထက် ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“Naypyitaw State Academy ကို နိုင်ငံတော်ရဲ့ ထိပ် တန်းတက္ကသိုလ် တစ်ခုဖြစ်အောင် ဦးတည်ချက်ထားဆောင်ရွက်နေပြီး Naypyitaw State Academy က ဆရာ၊ ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေအနေနဲ့ အစဉ်လေ့လာသင်ယူပြီး အမြဲမပြတ်ကြိုးစားနေဖို့လိုအပ်ပါတယ်” ဟု ဒေါက်တာညွန့်ဖေက အသိပေးပြောကြားထားသည်။
Naypyitaw State Academy ကို မဟာဌာနကြီးခုနစ်ခုဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၉)ရက်တွင် ဖွင့်လှစ်ခဲ့ပြီး Comprehensive University အဖြစ် မြန်မာ နိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်နိုင်ခဲ့သည့် တက္ကသိုလ်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မဟာဌာနကြီး ခုနှစ်ခုတွင် ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ ဆေးသိပ္ပံပညာ မဟာဌာန၊ လူမှုရေးပညာမဟာဌာန၊ အားကစားပညာမဟာဌာနတို့ ပါဝင်ကြောင်း သိရသည်။
ဆေးသိပ္ပံပညာမဟာဌာနကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့ပူးပေါင်း၍ စတင်ဖွင့်လှစ်နိုင်ခဲ့သည်။
အဆိုပါကျောင်းကို နေပြည်တော်၌ တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော်ရှိ မြို့နယ်(၈)ခုမှ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ပညာရပ်မျိုးစုံအား ရွေးချယ်သင်ယူလေ့လာနိုင်ရန်အတွက် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်တွင် ပညာရေးဝန်ကြီးဌာနမှ ပညာရေးဝန်ထမ်း (၂၄ဝဝ) ကျော်ဖြင့် သင်ကြားမှုများဆောင်ရွက်ရန် ခွင့်ပြုထားပြီး နေပြည်တော်ရှိ ဌာနဆိုင်ရာ အသီး သီး၌ တာဝန်ထမ်းဆောင်နေကြသည့် ဘာသာရပ် ကျွမ်းကျင်ပညာရှင်များဖြင့်ပါ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပင်လယ်နီဒေသမှာ ပူးပေါင်းကင်းလှည့်မယ့် မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှာ နိုင်ငံပေါင်း (၂၀)ကျော် ပူးပေါင်းပါဝင်မယ်လို့ အမေရိကန်အစိုးရပြော
RELATED POSTS
07 Sep 2024 | ပညာရေး,ပြည်တွင်း
29 Aug 2024 | ပညာရေး,ပြည်တွင်း