ချက်နိုင်ငံရှိ နာမည်ကျော်တက္ကသိုလ်တစ်ခုမှာပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမားအပါအဝင် (၁၅)ဦးသေဆုံး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၂
ချက်နိုင်ငံ Prague မြို့ရှိ တက္ကသိုလ်တစ်ခုမှာ ဒီဇင်ဘာ လ ၂၁ ရက်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်း ဆုံး (၁၅) ဦးသေဆုံးခဲ့ပြီး (၂)ဒါဇင်ကျော် ဒဏ်ရာရခဲ့ကြောင်း ချက်နိုင်ငံ ရဲတပ်ဖွဲ့ကပြောပါတယ်။
သေနတ်သမားဟာ Charles တက္ကသိုလ်မှာ ပစ်ခတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကျူးလွန်တဲ့ သေနတ်သမားက အဲဒီတက္ကသိုလ်မှာတက်ရောက်နေတဲ့ ကျောင်းသားဖြစ်ကြောင်း ချက်ရဲတပ်ဖွဲ့ကပြောပါတယ်။ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ချက်ရဲတပ်ဖွဲ့ဟာ အဆိုပါတက္ကသိုလ်ကို အလျင်မြန်သွားရောက်ခဲ့ကြောင်းသိရပါတယ်။ ရဲတပ်ဖွဲ့ဟာ တက္ကသိုလ်အဆောက်အဦးကို ဝင်ရောက်ရှာဖွေချိန်အတွင်း သေဆုံးနေသူ တက္ကသိုလ်ကျောင်း သား (၁၄)ဦးနဲ့ ဒဏ်ရာရသူ (၂၅)ဦးကိုကယ်ထုတ်နိုင်ခဲ့ကြောင်းသိရပါတယ်။ ချက်မီဒီယာတွေက ပစ်ခတ်မှုကျူးလွန်သူဟာ အသက် ၂၄ နှစ်အရွယ်ရှိ David Kozak ဆိုသူဖြစ်ကာ ပစ်ခတ်တိုက်ခိုက်ဖို့ ကြိုတင်စီစဉ်ခဲ့သူဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့ဟာ အဆိုပါသေနတ်သမားကိုသုတ်သင်ရှင်း လင်းခဲ့သလား ဒါမှမဟုတ် သေနတ်သမားက ကိုယ်ကိုယ်ကို သတ်သေသွားခဲ့သလားဆိုတဲ့အချက်ကိုအတိအကျ မသိရသေးကြောင်း ချက်ရဲတပ်ဖွဲ့ကပြောပါတယ်။ အဆိုပါသေနတ်သမားဟာ ဒီဇင်ဘာလ ၂၁ ရက်က တက္ကသိုလ်အဆောက်အဦးကို မလာရောက်ခင်ဖခင်ဖြစ်သူကို လုပ်ကြံသတ်ဖြတ်ခဲ့ဖွယ်ရှိကြောင်း ချက်မီဒီယာတွေက ဖော်ပြထားပါတယ်။
အဆိုပါတက္ကသိုလ်ကျောင်းမှာဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုဟာ ချက်နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးပစ်ခတ်မှုဖြစ်ခဲ့ကြောင်း၊ ချက်နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာကိုယ်ကိုယ်ကို ကာကွယ်ခွင့်အရ သေနတ်ကိုင်ဆောင်ခွင့်ပေးထားကာ သေနတ်နဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုက နည်းပါးခဲ့ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့တိုက်ခိုက်မှုတွေကြောင့် ပင်လယ်နီဒေသကို ဖြတ်သန်းနေတဲ့ ကုန်စည်သင်္ဘောတွေလမ်းကြောင်း ပြောင်းမယ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ