Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တရုတ်မိုးပျံပူဖောင်းများကို ခြိမ်းခြောက်မှုအဆင့်အပေါ်မူတည်ပြီး ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော

Pika (NSS) - ဒီဇင်ဘာ ၂၁ 

ထိုင်ဝမ်ကျွန်းအနီးတွင် ပျံသန်းနေသော တရုတ်မိုးပျံပူဖောင်းများကို ခြိမ်းခြောက်မှု အကဲဖြတ်မှုအဆင့်အပေါ်မူတည်ပြီး ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၂ဝ)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလက အမေရိကန်လေပိုင်နက်သို့ ဖြတ်ကျော်ပျံသန်းခဲ့သော တရုတ်၏မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်ပစ်ချခဲ့ပြီးနောက် တရုတ်နိုင်ငံသည် သူလျှိုလုပ်ရန်အတွက် မိုးပျံပူဖောင်းများကို အသုံးပြုနိုင်သည်ဆိုသည့်ကိစ္စများမှာ ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ခုဖြစ်လာခဲ့ကြောင်း သိရသည်။


သို့သော်လည်း အမေရိကန်အစိုးရက ပစ်ချခဲ့သော မိုးပျံပူဖောင်းမှာ အရပ်ဘက်သုံးမိုးပျံပူဖောင်းတစ်လုံးသာဖြစ်ကြောင်း တရုတ်အစိုးရက ပြောခဲ့သည်။ ထိုင်ဝမ်ကျွန်းသည် လာမည့်ဇန်နဝါရီလ(၁၃)ရက်တွင် ကျင်းပမည့် သမ္မတ နှင့် လွှတ်တော်ရွေးကောက်ပွဲများမတိုင်မီ တရုတ်၏ စစ်ရေးနှင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို ရင်ဆိုင်နေရ ကြောင်းလည်း သိရသည်။

တရုတ်အစိုးရသည် ၎င်းတို့အားနှစ်သက်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရန်အတွက် မဲဆန္ဒရှင်များကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနိုင်ကြောင်း ထိုင်ဝမ်အစိုးရက သတိပေးပြောဆိုခဲ့သည်။ ထို့အပြင် ယခုလအတွင်း ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို တရုတ်မိုးပျံပူဖောင်းများ ဖြတ်ကျော်ဝင်ရောက်လာသည့် ဖြစ်ရပ်လေးခုကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံခဲ့ကြောင်းလည်း သိရသည်။ 

တရုတ်မိုးပျံပူဖောင်းများသည် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာပြီးနောက် ကျွန်း၏ မြောက်ဘက်ရေပိုင်နက်သို့ ဦးတည်သွားပြီးနောက် ပျောက်ကွယ်သွားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန က ပြောခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆန်းလီဖန်းက "လေပြင်းတိုက်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကနေ လာမယ့်နှစ် မတ်လအထိ တရုတ်မိုးပျံပူဖောင်းတွေကို ပိုမိုတွေ့ရှိရနိုင်ပါတယ်။ ကျွန်တော်တို့တွေ့ခဲ့ရတာတွေ အများစုက မိုးလေဝသဆိုင်ရာမိုးပျံပူဖောင်းတွေပါ။ ဒီမိုးပျံပူဖောင်းတွေဟာ တရုတ် နိုင်ငံက လာတာဖြစ်ပေမယ့် တရုတ်စစ်တပ်ရဲ့မိုးပျံပူဖောင်းတွေ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်၊၊

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနသည် တရုတ်မိုးပျံပူဖောင်းများကို ခြိမ်းခြောက်မှု အကဲဖြတ်မှုအဆင့်အပေါ်မူတည်ပြီး ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်သော်လည်း အတိအကျလုပ်ဆောင်မည့်အကြောင်းအရင်များကို လျှို့ဝှက်ထားမည်ဖြစ်ကြောင်း ဆန်းလီဖန်းက ပြောကြားခဲ့သည်။

အဆိုပါမိုးပျံပူဖောင်းများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုများကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများပေးဆောင်ရမည့်ဝင်ငွေခွန်အပေါ် သက်သာခွင့်ပေးမည်ဟု မြန်မာသံရုံးအသိပေး

RECENT POSTS
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved