ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများပေးဆောင်ရမည့်ဝင်ငွေခွန်အပေါ် သက်သာခွင့်ပေးမည်ဟု မြန်မာသံရုံးအသိပေး
သန့်ဇင်(NSS) - ဒီဇင်ဘာ ၂၁
ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအတွက် ဝင်ငွေခွန် သက်သာခွင့်များပေးသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးထားသည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက ယနေ့(ဒီဇင်ဘာ လ ၂၁ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာလိုက်ခြင်းဖြစ်သည်။
ပြည်ပတွင်သွားရောက် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြီးခဲ့သော အောက်တို ဘာလ ၁ ရက်မှစတင်ကာ စုစုပေါင်းလစာငွေအပေါ် ဝင်ငွေခွန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ် ကြောင်း သိရသည်။
ထို့ကြောင့် ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် လစာဝင်ငွေအပေါ်မူတည်၍ ဝင်ငွေခွန်များ ကောက်ခံသွားမည်ဖြစ် ကြောင်း မြန်မာသံရုံးကဆိုသည်။
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအတွက် တစ်လပျမ်းမျှဝင်ငွေအား ယန်း (၂)သိန်းနှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် ၂ ရာခိုင်နှုန်းအရ ယန်း(၄၀၀၀)သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ သတ်မှတ်ထားသည့် ယန်း(၄၀၀၀)အနက် သက်သာခွင့်အဖြစ် ယန်း(၂၀၀၀)သတ်မှတ်ပေးထားပြီး လစဉ်ဝင်ငွေခွန်အဖြစ် ယန်း(၂၀၀၀)သာ ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက ကြေညာထားသည်။
ထို့ပြင် တစ်လပျမ်းမျှဝင်ငွေ ယန်း(၂)သိန်းအောက်လျော့နည်းရရှိသူများအနေဖြင့် အထောက်အထားခိုင်လုံစွာဖြင့်တင်ပြပါက တစ်လ ပျမ်းမျှဝင်ငွေအား ယန်း (၁)သိန်းခွဲသတ်မှတ်ပြီး လစဉ်ဝင်ငွေခွန်အဖြစ် ယန်း(၁၀၀၀)သာ ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးက အသိပေးထားသည်။
အခွန်ထမ်းနိုင်ငံသားများအနေဖြင့် သတ်မှတ်ကာလတစ်ခုအတွင်း သံရုံး၌ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ အထောက်ထား လက်မှတ်ထုတ်ပေးရန် လျှောက်ထားလာပါက ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိမြန်မာသံရုံးက ထောက်ခံစာထုတ်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂသို့မှောင်ခိုတင်သွင်းမည့် ဒေါ်လာ(၇၂)သန်းတန်ဖိုးရှိ ကိုကင်းများကို ဖမ်းဆီးရမိခဲ့ကြောင်း FSB ပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း