Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံက တိုက်ခိုက်မှုများလုပ်ဆောင်လာမည်ဆိုပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ဟူသီလက်နက်ကိုင်အဖွဲ့ သတိပေး

Pika (NSS) - ဒီဇင်ဘာ ၂၁ 

အမေရိကန်တပ်ဖွဲ့များက တိုက်ခိုက်မှုများလုပ်ဆောင်မည်ဆိုပါက လက်တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။

ဟူသီလက်နက်ကိုင်အဖွဲ့သည် အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘော များကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။ ဟူသီလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် Abdel-Malek al-Houthi က "အမေရိကန်နိုင်ငံဟာ ဒီကိစ္စကို ပိုပြီးအရှိန်မြှင့်ချင်တယ်ဆိုရင် ပါဝင်ပတ်သက်မှုတွေ ပိုမိုလုပ်လာပြီး ကျွန်တော်တို့ နိုင်ငံကို ပစ်မှတ်ထားလိုက်ပါ။ ကျွန်တော်တို့ သူတို့ကို ပြန်လည် ပစ်မှတ်ထားတိုက်ခိုက်သွားမှာပါ။ အမေရိကန်စစ်သင်္ဘောတွေ၊ အကျိုးစီးပွားတွေနဲ့ ရေကြောင်းသွားလာမှုတွေကို ကျွန်တော်တို့ရဲ့ဒုံးကျည်တွေနဲ့ ဒရုန်းတွေအတွက် ပစ်မှတ်တစ်ခုအဖြစ် လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။


ပင်လယ်နီကိုဖြတ်သန်းလာသော သင်္ဘောများအား ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် နိုင်ငံပေါင်းစုံပါဝင်မည့် ရေတပ် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းနေကြောင်း အမေရိကန်ကထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဟူသီလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Abdel-Malek al-Houthi ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်လေယာဉ်တင်သင်္ဘော USS Dwight D. Eisenhower သည် အေဒင်ပင်လယ်ကွေ့သို့ ဝင်ရောက်လာပြီဖြစ်ကြောင်း အမေရိကန်ရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့သည် ဒုံးကျည် နှင့် ဒရုန်း(၁ဝဝ)ကျော်ဖြင့် ကုန်တင်သင်္ဘော(၁ဝ)စီးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပြောကြားခဲ့သည်။ 


ဂါဇာကမ်းမြောင်ဒေသတွင်ဖြစ်ပွားနေသော စစ်ပွဲတွင် ပါလက်စတိုင်းလူမျိုးများကို ကူညီသည့်အနေဖြင့် ပင်လယ်နီအတွင်းသွားလာနေသော ကွန်တိန်နာသင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့တွင် မပါဝင်ကြရန် နိုင်ငံအများအပြားကို ဟူသီလက်နက်ကိုင်အဖွဲ့က သတိပေးခဲ့သည်။ အဆိုပါညွန့်ပေါင်းအဖွဲ့တွင် ပါဝင်မည့်နိုင်ငံများသည် ပင်လယ်နီအတွင်းရှိ ၎င်းတို့၏ အကျိုးစီးပွားများကို ခြိမ်းခြောက်ခံရမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်မိုးပျံပူဖောင်းများကို ခြိမ်းခြောက်မှုအဆင့်အပေါ်မူတည်ပြီး ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော

RECENT POSTS
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved