မုံရွာမြို့ သလ္လာဝတီဇာတ်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောတစ်စီး ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ သလ္လာဝတီဇာတ်ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောတစ်စီး ဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့(ဒီဇင်ဘာ ၁၈ ရက်)၊ မွန်လွဲ ၁ နာရီ ၆ မိနစ်အချိန် မုံရွာမြို့၊ သလ္လာဝတီဇာတ်ဆိပ်ကမ်းတွင် ကမ်းကပ်ထားသည့် ကုန်တင်သင်္ဘောတစ်စီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သင်္ဘောအင်ဂျင်ခန်းထဲမှာ ဆီတိုင်ကီထဲကို ဆီပီပါထဲကနေ ဆီထည့်နေတဲ့အချိန် မီးထလောင်တာပါ။ မီးလောင်တဲ့ သင်္ဘောက ကုန်တင်တဲ့သင်္ဘောပါ” ဟု မုံရွာခရိုင်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါသင်္ဘောမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း သင်္ဘောအင်ဂျင်ခန်းတစ်ခန်း နှင့် စက်သုံးဆီ ဂါလံ(၄ဝ)ခန့် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“လောင်တာတော့ သင်္ဘောတစ်စီးလုံး လောင်သွားတာမဟုတ်ဘူး။ သင်္ဘောက အင်ဂျင်ခန်းတစ်ခန်းပဲလောင်တာ။ လူထိခိုက်တာလဲ မရှိခဲ့ပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ၎င်းသင်္ဘောမီးလောင်မှုအား မုံရွာခရိုင်/မြို့နယ် မီးသတ် နှင့် အခြားမီးသတ်တပ်ဖွဲ့များက မိနစ်(၃ဝ)ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဂတိတိုင်စာများကြောင့် နိုင်ငံ့ဝန်ထမ်း (၂၇ဝဝ)နီးပါး ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံခဲ့ရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ