Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အဂတိတိုင်စာများကြောင့် နိုင်ငံ့ဝန်ထမ်း (၂၇ဝဝ)နီးပါး ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံခဲ့ရ

မျိုးကြီး (NSS) - ဒီဇင်ဘာ ၁၈

အဂတိလိုက်စားမှုနှင့်ပတ်သက်သော တိုင်ကြားမှုများကြောင့် နိုင်ငံ့ဝန်ထမ်း (၂၇ဝဝ)နီးပါးသည် ဝန်ထမ်းစည်းကမ်း ဖြင့် အရေးယူခံခဲ့ရကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အချက်အလက်များအရ သိရသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စတင်ဖွဲ့စည်းခဲ့သော ၂ဝ၁၄ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ ကော်မရှင်ထံပေးပို့သော တိုင်ကြားစာပေါင်း (၃၆၃ဝ၅)စောင်ကို လက်ခံရရှိခဲ့ကြောင်းသိရသည်။

၎င်းတိုင်ကြားစာများအနက် အရေးယူဆောင်ရွက်ပေးနိုင်သော တိုင်ကြားစာသည် (၂ဝ၄၆၃)စောင်သာ ရှိခဲ့ပြီး ယင်းတိုင်စာများကို စုံစမ်းစစ်ဆေးဖော်ထုတ်ခဲ့ရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ ဝန်ထမ်းစည်းကမ်းအရ နိုင်ငံ့ဝန်ထမ်း (၂၆၈၄) ဦးကို အရေးယူခဲ့ကြောင်း ကော်မရှင်က ဆိုသည်။

ထို့ပြင် အဂတိလိုက်စားမှုကျူးလွန်သူ (၃ဝ၂)ဦးကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အဂတိလိုက်စားမှုကျူးလွန်သူ (၃ဝ၂)ဦးထဲတွင် နိုင်ငံရေးရာထူးဖြင့် တာဝန်ထမ်းဆောင်သူ (၆၅)ဦး၊ အဆင့်မြင့်အရာရှိ (၂၁)ဦး၊ အရာထမ်း (၈ဝ)ဦး၊ အမှုထမ်း (၈၄)ဦး၊ ပြည်သူ့ဝန်ထမ်း (၁၈)ဦး နှင့် အခြားပုဂ္ဂိုလ် (၃၄) ဦးတို့ပါဝင်ကြောင်း ကော်မရှင်ထံမှ သိရသည်။

အဂတိလိုက်စားမှုတွင် ယုံကြည်စွာအပ်နှံထားသည့် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ မလျော်သြဇာသုံးစွဲ ခြင်း နှင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းထိခိုက်နစ်နာဆုံးရှုံးခြင်းများလည်း ပါဝင်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ဆိုသည်။


“အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားဖောက်ဖျက်၍ ယုံကြည်စွာအပ်နှံထားသော လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ မလျော်သြဇာသုံးစွဲခြင်း၊ နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုတို့ကို ထိခိုက်နစ်နာ ဆုံးရှုံးခြင်းအထိ ပါဝင်ပါတယ်။ ကော်မရှင်အနေနဲ့ စုံစမ်းစစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်သည့်အပြင် ဆုံးရှုံးနစ်နာမှုများကို ပြန်လည်ရရှိအောင် တာဝန်ယူဆောင်ရွက်ပေးရတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် နိုင်ငံတော် ဘဏ္ဍာ နစ်နာဆုံးရှုံးမှု မရှိစေရေး၊ ပြည်သူတစ်ဦးချင် နစ်နာမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်နေပါတယ်” ဟု ဥက္ကဋ္ဌ ဦးစစ်အေးက ပြောသည်။

အဂတိလိုက်စားမှုကြောင့် တရားစွဲဆိုခဲ့သည့်အမှုများမှ ပြည်သူ့ဘဏ္ဍာအဖြစ် ပြန်လည်သိမ်းဆည်းနိုင်မှု နှင့် နိုင်ငံ့ ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းနိုင်မှုသည် ငွေကျပ် (၂၃)ဘီလျံကျော်ရှိသည့်အပြင် အမေရိကန်ဒေါ်လာသည်လည်း (၄)သန်းကျော် ရှိကြောင်း သိရသည်။


ထို့ပြင် နိုင်ငံတော်ဘဏ္ဍာငွေ ငွေကျပ် ၁၅၅ ဒသမ ၈၅၅ ဘီလျံကျော်နှင့် ယူရို (၃)သန်းကျော် ဆုံးရှုံးမှုမရှိစေရေး အတွက်လည်း ကော်မရှင်အနေဖြင့် ကာကွယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိ နစကအစိုးရ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် ယခင် NLD အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများကို အဂတိအမှုဖြင့် အရေးယူခဲ့သည့်အပြင် ယခုအစိုးရလက်ထက်၌ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးချုပ်၊ ဝန်ကြီး အချို့ကိုလည်း အဂတိမှုဖြင့် အရေးယူထားသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မန်းရွှေစက်တော်ဘုရား၏ ဗုဒ္ဒပူဇနိယပွဲတော်အတွက် တည်းခိုဆောင် နှင့် ဆိုင်ခန်းပေါင်း ၁၂ဝဝ ဆောက်လုပ်မည်

RELATED POSTS
RECENT POSTS
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved