ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ကားတစ်စီး လမ်းလယ်ရှိ ထန်းပင်အားဝင်တိုက်မိပြီးနောက် ဝါယာရှော့ဖြစ်ကာ မီးလောင်
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၈
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကုန်တင်ကားတစ်စီး လမ်းလယ်ထန်းပင်အားဝင်တိုက်ပြီးနောက် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၁၈ ရက်)၊ နံနက် ၁ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၁၂၉ မိုင် ၇ ဖာလုံအနီးတွင် အထက်ပါကဲ့သို့ ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကိုမောင်းလာတဲ့ အသား/ငါးကုန်စိမ်းတွေတင်လာတဲ့ ကားက ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်မှာရှိတဲ့ ထန်းပင်ကိုအရင်ဝင်တိုက်တာ။ ပြီးတော့ ရပ်သွားတဲ့အချိန်မှာ ကားခေါင်းခန်းထဲကနေ ဝါယာရှော့ဖြစ်ပြီး မီးထလောင်တာပါ”ဟု ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားတစ်စီးလုံးမီးလောင်ဆုံးရှုံသွားခဲ့ကြောင်း သိရသည်။
“ကားကတော့တစ်စီးလုံးလောင်သွားတာ။ ကားပေါ်မှာပါလာတဲ့ ယာဉ်မောင်းနဲ့ စပါယ်ယာကတော့ ထိခိုက်တာမရှိဘူး။ မီးလောင် တာကိုတော့ တစ်နာရီနီးပါးလောက်တော့ ငြှိမ်းသတ်လိုက်ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် အဆိုပါကားမီးလောင်မှုအား ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းနှင့် ၁၁၅ မိုင်အမြန်လမ်းမီးသတ်စခန်းမှ သွား ရောက်မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ပျက်စီးဆုံရှုံမှုတန်ဖိုးအား သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားစစ်တပ်က ကမ္ဘာ့အကြီးဆုံး နျူကလီးယားဒုံးကျည်ကို နိုင်ငံတောင်ပိုင်းကို ရွှေ့ပြောင်းပို့ဆောင်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ