ရုရှားစစ်တပ်က ကမ္ဘာ့အကြီးဆုံး နျူကလီးယားဒုံးကျည်ကို နိုင်ငံတောင်ပိုင်းကို ရွှေ့ပြောင်းပို့ဆောင်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၈
ရုရှားတပ်ဖွဲ့ဟာ ကာလူဂါဒေသရှိ ကိုဇီစကီးဒေသကို Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်ကို ရွှေ့ပြောင်း ချထားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အဆိုပါဒုံးကျည်ဟာ အရှည် ၂၃ မီတာရှိပြီး မတူညီတဲ့ပစ်မှတ်မျိုးစုံကို နျူကလီးယားထိပ်ဖူးအမျိုးမျိုးနဲ့ ပစ်ခတ်နိုင်စွမ်းရှိနေကြောင်း သိရပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက "Yars တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အသစ်ဟာ လောင်ချပစ်စင်နေရာကို ရွှေ့ပြောင်းခဲ့တယ်" လို့ ပြောပါတယ်။
အဆိုပါဒုံးကျည်ဟာ ရုရှားနိုင်ငံရဲ့မဟာဗျူဟာမြောက်ဒုံးကျည်တွေထဲမှာ ပါဝင်နေပြီး ကမ္ဘာအကြီးဆုံး နျူကလီးယားလက်နက်ဖြစ်ကြောင်း သိရပါတယ်။ ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ နျူကလီးယားလက်နက်အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံပေါင်း နျူကလီးယားလက်နက်ပိုင်ဆိုင်မှုဟာ တစ်ကမ္ဘာလုံးရှိ နျူကလီးယားလက်နက်အားလုံးရဲ့ ၉ဝ ရာခိုင်နှုန်းဖြစ်ကြောင်း သိရပါတယ်။
ရုရှားဟာ ကမ္ဘာပေါ်မှာ နျူကလီးယားဒုံးကျည်ထိပ်ဖူး အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပြီး နျူကလီးယားထိပ်ဖူး ပေါင်း ၅၈၈၉ ခု ပိုင်ဆိုင်ထားကာ အမေရိကန်က နျူကလီးယားထိပ်ဖူးအရေအတွက် ၅၂၄၄ ခု ပိုင်ဆိုင်ထားကြောင်း Federation of American Scientists က ပြောပါတယ်။ ရုရှား နဲ့ အမေရိကန်တို့ဟာ လက်ရှိအချိန်မှာ နျူကလီးယားထိပ်ဖူးပေါင်း ၁၆၇ဝ ကို ဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။
ရုရှားနဲ့ အမေရိကန်တို့ဟာ ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီး နောက်ပိုင်းကတည်းက တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး နျူကလီးယားလက်နက်များ အပြိုင်အဆိုင်ပိုင်ဆိုင်ဖို့ ကြိုးပမ်းလာနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျပန်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်နေသည့် ပဲခူးမြစ်ကူး (သန်လျင်တံတားအမှတ်-၃)ကို တပ်ချုပ်သွားရောက်၊ (၉၄) ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးနေ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ