အိန္ဒိယနိုင်ငံရှိ ဆိုလာစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၉)ဦး သေဆုံး
Pika (NSS) - ဒီဇင်ဘာ ၁၇
အိန္ဒိယနိုင်ငံ Maharashtra ပြည်နယ် Nagpur မြို့အနီးရှိ Bajargaon ရွာတွင်ရှိသော Solar Industries India Limited ကုမ္ပဏီတွင် ဒီဇင်ဘာလ(၁၇)ရက် နံနက်ပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၉)ဦး သေဆုံးကာ အခြားလူ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်၊၊
အဆိုပါပေါက်ကွဲမှုသည် ဒီဇင်ဘာလ(၁၇)ရက် နံနက် (၉)နာရီ ၃ဝ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သော်လည်း အစိုးရအေဂျင်စီများ နှင့် ကယ်ဆယ်ရေးအေဂျင်စီများသည် နာရီအနည်းငယ်နောက်ကျပြီးမှ ရောက်ရှိလာခဲ့ ကြောင်းလည်း သိရသည်။ ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက်အန္တရာယ်စိုးရိမ်ရသူများလည်း ရှိကြောင်း သိရသည်။
အဆိုပါကုမ္ပဏီသည် နိုင်ငံ၏ ကာကွယ်ရေးဌာနအတွက် ဖောက်ခွဲရေးပစ္စည်းများ နှင့် ကာကွယ်ရေးပစ္စည်းကိရိယာ များ ပံ့ပိုးပေးသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ ဒီဇင်ဘာလ(၁၇)ရက် နံနက်ပိုင်းတွင် တာဝန်ကျ သောအလုပ်သမားများသည် အဆိုပါစက်ရုံတွင် ရှိနေစဉ်အချိန်အတွင်း ယခုကဲ့သို့ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှု ဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ တိတိကျကျမသိရှိရသေး ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ရဲမှူး Harsh Poddar က "ဒီပေါက်ကွဲမှုဟာ Solar Explosive ကုမ္ပဏီမှာရှိတဲ့ cast booster စက်ရုံမှာ ထုပ်ပိုးမှုတွေ လုပ်ဆောင်ချိန်အတွင်း ဖြစ်ပွားခဲ့တာလို့ သိရပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် ရရှိခဲ့သော သရေကျသည့်ရလဒ်က အသင်းကစားသမားများနှင့် ထိုက်တန်ကြောင်း မန်စီးတီးနည်းပြပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ