ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ပွဲတွင် ရရှိခဲ့သော သရေကျသည့်ရလဒ်က အသင်းကစားသမားများနှင့် ထိုက်တန်ကြောင်း မန်စီးတီးနည်းပြပြော
Pika (NSS) - ဒီဇင်ဘာ ၁၇
မန်စီးတီးအသင်းသည် ဒီဇင်ဘာလ(၁၆)ရက် ညက ခရစ္စတယ်ပဲလေ့စ်အသင်းနှင့်ကစားခဲ့သောပွဲတွင် ရရှိခဲ့သည့် (၂)ဂိုးစီ သရေကျခဲ့သော ရလဒ်ဖြင့်ထိုက်တန်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုခဲ့သည်။
မန်စီးတီးအသင်းသည် ပထမပိုင်းတွင် (၂)ဂိုး-ဂိုးမရှိဖြင့် ခရစ္စတယ်ပဲလေ့စ်အသင်းကို အကောင်းဆုံးဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ခရစ္စတယ်ပဲလေ့စ်အသင်းက (၂)ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပြီးနောက် (၂)ဂိုးစီ သရေကျခဲ့ခြင်းဖြစ်သည်။
မန်စီးတီးနည်းပြဂွါဒီယိုလာ က "ဒါဟာ ကံမကောင်းတာ မဟုတ်ပါဘူး။ ဒါက ထိုက်တန်တာကို ရရှိသွားတာပါ။ ကျွန်တော်တို့ နှစ်မှတ် ပေးခဲ့ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းယူနိုင်မျိုး မရှိခဲ့ဘဲ စွန့်လွှတ်လိုက်ရပါတယ်။ ပထမပိုင်းမှာ ခရစ္စတယ်ပဲလေ့စ်အသင်းအတွက် အခွင့်အရေးတွေ ရခဲ့ပေမယ့် Jean-Philippe Mateta ချေပဂိုး ပြန်မသွင်းယူခင်အချိန်အထိ သူတို့ဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ပထမပိုင်းမှာတော့ အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းပြကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ဖိအားပေး ကစားတာကို ခံခဲ့ရပါတယ်။ စပါး၊ လီဗာပူးအသင်းတို့နဲ့ကစားခဲ့တဲ့ပွဲစဉ်တွေက တကယ်ကို ကောင်းမွန်ခဲ့ပေမယ့် ဒီနေ့မှာတော့ ကျွန်တော်တို့ အနိုင်ရရှိအောင် မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အနိုင်ရရှိဖို့ အတွက် လုံလောက်တဲ့ခြေစွမ်းတွေနဲ့ မကစားနိုင်ခဲ့ပါဘူး" ဟု ပြောဆိုခဲ့သည်။
မန်စီးတီးအသင်းသည် လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲ(၁၇)ပွဲ ကစားထားပြီး ရမှတ်(၃၄)မှတ်ဖြင့် အမှတ်ပေးဇယားတွင် အဆင့်(၄)နေရာမှာ ရပ်တည်နေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာကျော်ဘီလျံနာဇူကာဘတ်က အမေရိကန်ဒေါ်လာသန်း(၁ဝဝ)တန်ဖိုးရှိ အဆောက်အဦးနှင့် ဘန်ကာကို တည်ဆောက်နေပြီဖြစ်ကြောင်း Wired မဂ္ဂဇင်းဖော်ပြ
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ
23 May 2024 | အားကစား,ပြည်တွင်း