Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းက တန်ပြန်ထိုးစစ်ဆင်မှုအသစ်များ လုပ်ဆောင်ရန် စီစဉ်နေကြောင်း Welt သတင်းချန်နယ် ဖော်ပြ

Pika (NSS) - ဒီဇင်ဘာ ၁၇

ယူကရိန်းသည် ယခုနှစ်အစောပိုင်းက စတင်ခဲ့သော တန်ပြန်ထိုးစစ်ဆင်မှုများအတွင်း ရုရှား၏ ခံတပ်များကို ကျော်ဖြတ်နိုင်ခြင်းမျိုးမရှိခဲ့ပြီးနောက် ၂ဝ၂၄ ခုနှစ်တွင် နောက်ထပ်တန်ပြန်ထိုးစစ်ဆင်မှုအသစ်ကို စတင်ရန် အတွက် တပ်သားများကို စုဆောင်းနိုင်ဖွယ်ရှိနေကြောင်း ဂျာမန်ကျွမ်းကျင်သူများ၏ ပြောကြားချက်ကို ကိုးကားပြီး Welt သတင်းချန်နယ်က ဖော်ပြခဲ့သည်။


ယူကရိန်း၏ စစ်မြေပြင်တွင် လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံများတွင် အဆိုးမြင်မှုများ ကြီးထွားလာနေသော်လည်း  အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများပေးပို့မှုများ ပိုမိုများပြားလာမည် ဟု ယူကရိန်းက မျှော်လင့်ထားကြောင်း ဂျာမန်ကာကွယ်ရေးအရာရှိဟောင်း Nico Lange က ပြောကြားခဲ့သည်။

Nico Lange က "ယူကရိန်းဟာ လာမည့်နှစ်မှာ တန်ပြန်ထိုးစစ်ဆင်မှုအသစ်တွေ လုပ်ဆောင်ဖို့အတွက် အရင်း အမြစ်တွေကို စုဆောင်းနေနိုင်ဖွယ်ရှိနေပါတယ်။ ယူကရိန်းဟာ ခါဆွန်ဒေသကို ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နိုင် ပြီး Dniepr မြစ်ကိုဖြတ်ဖို့ ကြိုးပမ်းနိုင်ပါတယ်။ ယူကရိန်းမှာ ကြီးမားတဲ့အစီအစဉ် ရှိနေနိုင်ပါတယ်။ ယူကရိန်းရဲ့ ရဟတ်ယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ တာဝေးပစ်ဒုံးကျည်စနစ်တွေ၊ Abrams တင့်ကားတွေနဲ့ အခြားပစ္စည်း ကိရိယာတွေ ပေးပို့ပေးဖို့ အမေရိကန်ကို တောင်းဆိုထားတာတွေကို ကြည့်လိုက်မယ်ဆိုရင် ဒီအချက်ကို သက်သေ ပြနေသလိုပါပဲ" ဟု ပြောခဲ့သည်။


ထို့အပြင် ယူကရိန်းသည် စစ်ပွဲအစဉ်အသစ်ကို ရေးဆွဲနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Bild သတင်းစာက ဖော်ပြခဲ့သည်။ ယူကရိန်းအစိုးရသည် ၎င်း၏ ပိုင်နက်နယ်မြေများအတွင်းမှ ရုရှားတပ်ဖွဲ့များကို တိုက်ထုတ်ရန် နှင့် ရုရှားဖက်တွင် ကြီးမားသေားဆုံးရှုံးမှုများ ဖြစ်ပေါ်လာစေရန်အတွက် အာရုံစိုက်လုပ်ဆောင်နေ ကြောင်း Bild သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ယူကရိန်းသည် ပြီးခဲ့သည့်ဇွန်လအစောပိုင်းတွင် တန်ပြန်ထိုးစစ်ဆင်မှုများကို စတင်လုပ်ဆောင်ခဲ့ပြီး အနောက် အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းအားဖြည့်ပေးမှုများရှိနေသော်လည်း သိသာသောရလဒ်များ ရရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ယူကရိန်း၏ (၇)လကြာ တန်ပြန်ထိုးစစ်ဆင်မှုများသည် လိုချင်သည့်ရလဒ်ပုံစံမျိုးအတိုင်း မရရှိခဲ့ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရီကူလီဘာ အပါအဝင် ယူကရိန်းထိပ်တန်းအရာရှိ အများအပြားက ထုတ်ဖော်ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အိန္ဒိယနိုင်ငံရှိ ဆိုလာစက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၉)ဦး သေဆုံး

RECENT POSTS
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved