ရထားသံလမ်းပေါ်တွင် အိပ်ပေါ်နေသည့်အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ ခေါင်းပြတ်သေဆုံးသွားမှု ရန်ကုန်မြို့ ၌ ဖြစ်ပွား
စော (NSS) - ဒီဇင်ဘာ ၁၇
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌ အိပ်ပေါ်နေသည့် အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ ခေါင်းပြတ်သေဆုံးသွားမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်သည် ယမန့်နေ့ (ဒီဇင်ဘာ ၁၆ ရက်) ည (၇)နာရီဝန်းကျင်အချိန်တွင် ရွှေပြည်သာမြို့နယ်၊ တညင်းကုန်းဘူတာနှင့် စက်မှုဇုန်ဘူတာကြားရှိ ရထားသံလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနောင် နာရေး/ရှင်ရေး လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူက ရထားလမ်းပေါ်မှာ မူးပြီး အိပ်နေတာ။ ပါသွားတဲ့လူပြောတာတော့ ဘေးမှာ အရက်ပုလင်းတွေဘာတွေ တွေ့တယ်လို့ ပြောတယ်။ ရထားသံလမ်းပေါ် ခေါင်းအုံးပြီး အိပ်နေတော့ ရထားက တက်ကြိတ်သွားတာပေါ့” ဟု ကနောင် နာရေး/ရှင်ရေး လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ၎င်းအမျိုးသားနှင့်ပတ်သက်သည့် မည်သည့်အချက်အလက်ကိုမျှ မသိရှိရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရထားကြိတ်ခံရ၍ ခေါင်းပြတ်သေဆုံးသွားသည့် ရုပ်အလောင်းအား အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဃန်းကျွန်းမြို့နယ်တွင် ဘေးတွဲဆိုင်ကယ်မှ အမှိုက်လှည်းအား ဝင်တိုက်မိခဲ့ရာ လူ(၃)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ