နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းပေါ်ရှိ ကော့နွဲ့တံတားကို အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီး
Pearl (NSS) - ဒီဇင်ဘာ ၁၇
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အာရှလမ်းပေါ်ရှိ ကော့နွဲ့တံတားကို အကြမ်းဖက်အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အာရှလမ်းပေါ်ရှိ ကော့နွဲ့တံတားသည့် ယခုရက်ပိုင်းအတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး KNU၊ PDF ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲခြင်းဖြစ်ကြောင်း သိရသည်။
"ကော့နွဲ့တံတားက ကော့ကရိတ်မြို့အထွက်က အာရှလမ်းမှာရှိတာ။ ဘယ်အချိန်လောက်ဖြစ်တာလဲတော့ အတိအကျမသိဘူး။ တံတားကတော့ ပျက်စီးသွားပြီလို့ ကြားတယ်။ နောက်ထပ် တောနော်တံတားတစ်စင်းလည်း မိုင်းခွဲခံရတယ်လို့ ကြားတယ်။ လမ်းပန်းဆက်သွယ်မှုတွေက ပြတ်နေတော့ အတိအကျတော့ မပြောနိုင်ဘူး" ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါကော့နွဲ့တံတားသည် အရှည် ၁၉၆ ပေ၊ အကျယ်ပေ ၄ဝ ရှိ သံကူကွန်ကရစ်တံတားဖြစ်ပြီး မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် တံတားမှာ ကျိုးကျပျက်စီးသွားခဲ့ကြောင်း သိရသည်။
လွန်ခဲ့သောကာလများအတွင်းတွင်လည်း မြဝတီ-ကော့ကရိတ်၊ အာရှလမ်းပေါ်ရှိ တံတားလမ်းပိုင်း များသည်လည်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရသည့် ဖြစ်စဉ်များရှိခဲ့သည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၁ ရက်မှစတင်ကာ KNU၊ PDF ပူးပေါင်းအဖွဲ့သည် ကော့ကရိတ်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်ခဲ့သည်။
တိုက်ပွဲများကြောင့် မြဝတီ-ကော့ကရိတ်အာရှလမ်းသည် ပိတ်ဆို့သွားခဲ့သည့်အတွက် ကုန်စည်စီးဆင်းမှုများသည်လည်း ယနေ့ (ဒီဇင်ဘာ ၁၇ ရက်) အထိ ရပ်တန့်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရထားသံလမ်းပေါ်တွင် အိပ်ပေါ်နေသည့်အမျိုးသားတစ်ဦး ရထားကြိတ်ခံရ၍ ခေါင်းပြတ်သေဆုံးသွားမှု ရန်ကုန်မြို့ ၌ ဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ