မတ္တရာမြို့၌ လျှပ်စစ်ဝါယာရှော့ဖြစ်၍မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံး
သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၇
မန္တလေးတိုင်း၊ မတ္တရာမြို့တွင် လျှပ်စစ်ဝါယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်တစ်လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံများထံမှ သိရသည်။
မီးလောင်မှုသည် ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်)၊ ည ၉ နာရီ ၄ဝ မိနစ်အချိန်တွင် မန္တလေးတိုင်း၊ မတ္တရာမြို့၊ အမှတ်(၅)၊ ဘုရင့်နောင်ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အိမ်ထဲကနေ ဝါယာရှော့ဖြစ်ပြီးလောင်တာလို့ သိရတယ်။ နေအိမ်အတွင်းထဲက ပစ္စည်းတွေ လောင်သွားတာပါ။ မီးသတ်ကပဲ အချိန်မှီငြှိမ်းသတ်နိုင်ခဲ့ပါတယ်” ဟု မတ္တရာမြို့ဒေသခံတစ်ဦးက NP News ကို ပြောသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း နေအိမ်အတွင်း ပစ္စည်းများ မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မီးလောင်မှုအား မတ္တရာမြို့နယ်မီးသတ်စခန်းမှ (၁ဝ)မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်ပန်းတောင်းမြို့ရှိ ဧရိယာ ၅၂၃၁၇ ဒသမ ၉ ဧက ကျယ်ဝန်းသောနယ်မြေကို “ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်” အဖြစ် သတ်မှတ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ