ကျောက်ပန်းတောင်းမြို့ရှိ ဧရိယာ ၅၂၃၁၇ ဒသမ ၉ ဧက ကျယ်ဝန်းသောနယ်မြေကို “ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်” အဖြစ် သတ်မှတ်
စော (NSS) - ဒီဇင်ဘာ ၁၇
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ဧရိယာ ၅၂၃၁၇ ဒသမ ၈၅ ဧက ကျယ်ဝန်းသောနယ်မြေကို “ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်” အဖြစ် သတ်မှတ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကြေညာထားသည်။
အဆိုပါ ဝန်ကြီးဌာနက ယမန်နေ့ (ဒီဇင်ဘာ ၁၆ ရက်) တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
၂ဝ၁၈ ခုနှစ်၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပုဒ်မ (၉)ပုဒ်မခွဲ (က)အရ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း ကျရောက်နေသည့် ဘူမိနယ်မြေ (၁၅)နေရာ ပါဝင်သော ဧရိယာအကျယ်အဝန်း (၅၂၃၁၇ ဒသမ ၈၅ ဧက) ရှိ နယ်မြေကို “ပုပ္ပားတောင် အမျိုးသားဘူမိဥယျာဉ်” အဖြစ် ဒီဇင်ဘာလ ၆ ရက်မှစ၍ သတ်မှတ်ခဲ့ကြောင်း သိရသည်။
ဘူမိရုပ်သွင်ထူးခြားသည် နယ်မြေများကို ထိန်းသိမ်းရန်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များ တည်တံ့စေရန်၊ တောရိုင်းတိရစ္ဆာန်များနှင့် ဘဘာဝအပင်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန် စသည့် သဘာဝအမွေ အနှစ်များ၊ သမိုင်းကြောင်း နှင့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းရန်ရည်ရွယ်၍ ဘူမိဥယျာဉ်ကို သတ်မှတ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့သို့ သတ်မှတ်လိုက်ခြင်းအားဖြင့် ပုပ္ပားဒေသရှိ ထူးခြားသည့် ဘူမိရုပ်သွင် နှင့် ကမ္ဘာအဆင့်ဘူမိဗေဒဆိုင်ရာ ဖြစ်တည်မှုများ၊ မီးတောင်ဖြစ်စဉ်များနှင့် ဘူမိဗေဒဆိုင်ရာ အမွေအနှစ်များကို ထိန်းသိမ်းနိုင်ခြင်း၊ ထူးခြားသည့် ဘူမိရုပ်သွင် နှင့် ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းနိုင်ခြင်းစသည့် အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်ဘူမိခရီးသွားလုပ်ငန်း နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ခြင်း၊ ဂေဟစနစ်များ တည်တံ့စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သစ်တောသယံဇာတများကို စနစ်တကျ ထိရောက်စွာ စီမံအုပ်ချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ခိုက်မှုတွေရပ်တန့်ပြီး စေ့စပ်ဆွေးနွေးမှုတွေကို ပြန်လည်စတင်ဖို့ ပြန်ပေးဆွဲခံထားရသူတွေရဲ့မိသားစုတွေ တိုက်တွန်းတောင်းဆို
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း