တိုက်ခိုက်မှုတွေရပ်တန့်ပြီး စေ့စပ်ဆွေးနွေးမှုတွေကို ပြန်လည်စတင်ဖို့ ပြန်ပေးဆွဲခံထားရသူတွေရဲ့မိသားစုတွေ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၇
ဂါဇာဒေသရှိ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ရဲ့ပြန်ပေးဆွဲခြင်းခံထားရသူတွေရဲ့မိသားစုတွေက အစ္စရေးအစိုးရကို တိုက်ခိုက်မှုတွေရပ်တန့်ပြီး စေ့စပ်ဆွေးနွေးမှုတွေစတင်ဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
အစ္စရေးစစ်တပ်ဟာ ဂါဇာဒေသကို စီးနင်းတိုက်ခိုက်ချိန်အတွင်း ဟားမက်စ်အဖွဲ့လက်ထဲမှာ ဖမ်းဆီးခံထားရသူ သုံးဦး မှားယွင်းပစ်ခတ်ခံရပြီးနောက် အခုလိုမျိုး တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဂါဇာဒေသမှာ ပြန်ပေးဆွဲခံထားရသူ သုံးဦးဟာ အလံဖြူထောင်ထွက်လာပြီး အကူအညီပေးဖို့တောင်းဆိုခဲ့ပေမယ့် အစ္စရေးစစ်တပ်က မှားယွင်းပစ်ခတ်ခဲ့ ကြောင်း၊ ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။
သေဆုံးခဲ့ရတဲ့ ပြန်ပေးဆွဲခံထားရသူတွေထဲမှာပါဝင်သူတစ်ဦးရဲ့သမီးဖြစ်သူက "ကျွန်မတို့ဟာ သေဆုံးနေတဲ့ ရုပ်အလောင်းကိုသာ ပြန်ရရှိခဲ့တယ်။ ကျွန်မတို့ဟာ တိုက်ခိုက်မှုတွေကို ရပ်တန့်စေလိုတယ်။ စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူပေါင်း ၂၅ဝ ကျော် ပြန်ပေးဆွဲခဲ့ကြောင်း သိရပါတယ်။ ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်မှုကြောင့် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ၇ ရက်ကြာ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခဲ့ပြီး အဲဒီကာလအတွင်း ဖမ်းဆီးထားသူတွေကို အပြန်အလှန်ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ဒါပေမယ့် အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ရရှိထားတဲ့ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက် ပျက်သွားခဲ့ပြီးနောက် တိုက်ပွဲများပြန်ဖြစ်လာခဲ့ရာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲမှာ အနည်းဆုံး ပြန်ပေးဆွဲခံထားရသူ ၁၃ဝ ကျော် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။
အစ္စရေးဟာ ပြန်ပေးဆွဲခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ နဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ ဂါဇာဒေသကိုတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်း လူမျိုး ၁၈၈ဝဝ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း