USDP ပါတီ၏ မြို့နယ်ကော်မတီဝင်တစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရမှု တောင်သာမြို့နယ်တွင် ဖြစ်ပွား
Pearl (NSS) - ဒီဇင်ဘာ ၁၄
တောင်သာမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)၏ မြို့နယ်ကော်မတီဝင်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာလ ၁၃ ရက်)၊ ညနေ (၄)နာရီ ၊ (၄၅)မိနစ်ခန့်တွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဘုရားလှကျေးရွာ နှင့် ဖက်တောကျေးရွာကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ(USDP)၏ မြို့နယ်ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးဟန်ထွန်းလင်းသည် အဆိုပါ ကျေးရွာများကြားရှိ ၎င်းပိုင်ယာခင်းထဲတွင်ရှိနေစဉ် အကြမ်းဖက်အဖွဲ့က ဆိုင်ကယ် (၃)စီးဖြင့်ရောက်ရှိ လာခဲ့ကြောင်းသိရသည်။
ထိုနောက် အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ၎င်း၏ ယာပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ ယာခင်းထဲ လဲကျသွားခဲ့ကြောင်း သိရသည်။
လဲကျစဉ် အကြမ်းဖက်အဖွဲ့ဝင်များက ၎င်းအား သေနတ်ဖြင့်ထပ်မံပစ်ခတ်ခဲ့သဖြင့် ဝဲမျက်လုံးတွင် ကျဉ်ဖောက်ဝင်ဒဏ်ရာ နှင့် ဝဲနားရွက်တို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်အား ကျူးလွန်သည့် အကြမ်းဖက်သမားများ သည် အခင်းဖြစ်ကျေးရွာအနီးရှိ မိုးနှောင်းခင်း ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့အားဖမ်းဆီးရမိရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာဖိအားတွေရှိပေမယ့် ဟားမက်စ်ကို အမြစ်ပြတ်ချေမှုန်းနိုင်အောင် ဆက်တိုက်မယ်လို့ အစ္စရေးအစိုးရ အဖွဲ့ပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ