နိုင်ငံတကာဖိအားတွေရှိပေမယ့် ဟားမက်စ်ကို အမြစ်ပြတ်ချေမှုန်းနိုင်အောင် ဆက်တိုက်မယ်လို့ အစ္စရေးအစိုးရ အဖွဲ့ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၄
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ကမ္ဘာကြီးရဲ့ခွင့်ပြုချက် ရရ-မရရ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အနိုင်ရချိန်အထိ စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု နဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ကိုဟန်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ် ပြုလုပ်နေတဲ့စစ်ဆင်ရေးတွေကို အဆုံးအထိ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။ အစ္စရေးနိုင်ငံဟာ လက်ရှိအချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ပွဲအဆုံးသတ်ဖို့ ဖိအားပေးခံနေရပါတယ်။
အစ္စရေးဝန်ကြီးချုပ်က "စစ်ပွဲကို ဆက်လက်တိုက်တိုက်ခိုက်သွားမယ်။ နိုင်ပွဲရယူနိုင်ချိန်အထိ စစ်ပွဲကို ဆက်တိုက် သွားမယ်။ ဟားမက်စ်လက်နက်ကိုင်အုပ်စုခေါင်းဆောင်တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ချိန်အထိ ဆက်တိုက်သွား မယ်။ နိုင်ငံတကာဖိအားတွေ ရရှိပေမယ့် စစ်ပွဲကို ဆက်တိုက်သွားမယ်။ စစ်ပွဲဆက်တိုက်သွားမယ့်ကိစ္စနဲ့ ပတ်သက်ပြီး သံသယရှိစရာမလိုပါဘူး" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ဂါဇာဒေသစစ်ပွဲတွေကို အပစ်ခတ် ရပ်စဲရေးတောင်းဆိုခဲ့ပေမယ့် အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးပယ်ချခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးနိုင်ငံခြားရေး ဝန်ကြီး ကိုဟန်ကလည်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့အပေါ်ပြုလုပ်နေတဲ့စစ်ပွဲဟာ နိုင်ငံတကာ ကူညီထောက်ပံ့ ပေးမှု မရဘူးဆိုရင်လည်း စစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။
၎င်းက "လက်ရှိအချိန်မှာ အပစ်ခတ်ရပ်စဲလိုက်မယ်ဆိုရင် ဟားမက်စ်အုပ်စုကို လက်ဆောင်ပေးလိုက်သလိုမျိုး ဖြစ်မယ်။ အပစ်ခတ်ရပ်စဲတာက အစ္စရေးဒေသခံတွေကို ခြိမ်းခြောက်မှုတွေ ထပ်မံဖြစ်အောင် ဖန်တီးသလိုမျိုး ဖြစ်လာနိုင်တယ်" လို့ ပြောပါတယ်။
ဟားမက်စ်လက်နက်ကိုင်အုပ်စုဟာ အစ္စရေးနိုင်ငံကို အောက်တိုဘာ ၇ ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသစစ်ပွဲစတင်ခဲ့ပြီး စစ်ပွဲသက်တမ်း ၂ လကျော်ကြာနေပြီဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ပျက်စီးခြင်းများစွာကိုတွေ့ကြုံရမယ်လို့ တောင်ကိုရီးယားစစ်ဘက် သတိပေး
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ