မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ပျက်စီးခြင်းများစွာကိုတွေ့ကြုံရမယ်လို့ တောင်ကိုရီးယားစစ်ဘက် သတိပေး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၄
မြောက်ကိုရီးယားနိုင်ငံဟာ အဆင်ခြင်မဲ့တဲ့လုပ်ရပ်တွေ လုပ်ဆောင်မယ်ဆိုရင် လက်တုံ့ပြန်ခံရမှာဖြစ်ပြီး ပျက်စီးခြင်းဘုံကို ရောက်ရှိသွားမှာဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ခြိမ်းခြောက်လိုက်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံက စစ်ဘက်သုံးစပိုင် ဂြိုလ်တုအောင်မြင်စွာ လွှတ်တင်နိုင်မှုကို လက်တုံ့ပြန်မှုအဖြစ် တောင်ကိုရီးယားဟာ မြောက်ကိုရီးယားနဲ့ ၂ဝ၁၈ ခုနှစ်က ချုပ်ဆိုထားတဲ့ စစ်ရေးပူးပေါင်းမှုစာချုပ်ကို ဆိုင်းငံ့လိုက်ကြောင်း သိရပါတယ်။
အဲဒီလိုမျိုး ဆိုင်းငံ့လိုက်ပြီးနောက် မြောက်ကိုရီးယားဟာ စစ်သားတွေကို နယ်စပ်ဒေသတစ်လျှောက် ဖြန့်ကြတ်ချထားခဲ့ကြောင်း သိရပါတယ်။ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးက "မြောက်ကိုရီးယားနိုင်ငံဟာ ရွေးချယ်စရာနှစ်ခုရှိပါတယ်။ တစ်ခုက ငြိမ်းချမ်းရေး၊ အခြားတစ်ခုက ပျက်စီးခြင်းတို့ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီနှစ်ခုတည်းက ဘယ်အရာကို ရွေးချယ်မလဲ၊ မြောက်ကိုရီးယားဟာ ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့ အဆင်ခြင်မဲ့လုပ်ရပ်တွေ လုပ်ဆောင်လာမယ်ဆိုရင်တော့ အလုံးစုံ ပျက်စီးတာမျိုးတွေ ရင်ဆိုင်ရဖို့ ရှိနေပါတယ်" လို့ ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက အမေရိကန် နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ကျူးကျော်ရန်စမှုတွေကို ရင်ဆိုင်နိုင်အောင် နျူကလီးယားနဲ့ ဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကို အရှိန်မြင့်လုပ်ဆောင်နေရာ တင်းမာမှုအရှိန် မြင့်တက်လာခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရက ၎င်းတို့ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်တဲ့အတွက် နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်ခွင့် အခွင့်ရေးရှိကြောင်း ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနဟာ ရေငုပ်သင်္ဘောတွေ၊ အမေရိကန်ထုတ် အက်ဖ် ၃၅ တိုက်လေယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုမိုပိုင်ဆိုင်နိုင်ဖို့ ကာကွယ်ရေးအသုံးစရိတ်ကို ၄ ဒသမ ၅ ရာခိုင်နှုန်း ထပ်မံတိုးပေးဖို့ တောင်းဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိုင်းဖောက်ခွဲခံရမှုကြောင့် ရပ်နားခဲ့ရသည့် ရန်ကုန်-မန္တလေးရထားခရီးစဉ်အချို့ကို ယနေ့ပြန်လည်ပြေးဆွဲ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ