Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကျပ် ၁ဝ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်း၏ ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုဖြင့် သိမ်းဆည်းရန် ရဲတပ်ဖွဲ့ပြင်ဆင်နေ

သန့်ဇင် (NSS) - ဒီဇင်ဘာ ၁၃

မူးယစ်မှောင်ခိုဂိုဏ်းကို ကျပ် ၁ဝ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းဂိုဏ်း၏ ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုဖြင့် သိမ်းဆည်းရန် မူးဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ပြင်ဆင်နေကြောင်း သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာ ၁ ရက်၊ ည ၇ နာရီအချိန်တွင် နေပြည်တော်နယ်မြေ၊ လယ်ဝေးမြို့နယ်၊ တောင်စဉ်အေး ကျေးရွာအနီး၌ တင်ဇော် ဆိုသူမောင်းနှင်၍ ကျော်စန်းဌေး လိုက်လာသည့် CHENGLONG ကားပေါ်မှ ဘိလပ်မြေ အိတ်များဖြင့် အုပ်၍သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၄၂ သိန်းကို စတင်ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် ၎င်းတို့(၂)ဦးအား စစ်ဆေးချက်အရ ည ၁၁ နာရီအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်း သူ ထန်ခိုဆေး ဆိုသူအား မန္တလေးတိုင်း၊ ချမ်းအေးသာစံ မြို့နယ်၊ ၂၇ x ၂၈ကြား၊ ၆၃(C)လမ်းရှိ Hotel တွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ထန်ခိုဆေး၏ နေအိမ်မှ မူးယစ်ဆေးဝါးများ သယ်ဆောင်ရာတွင် အသုံးပြုသည် TOYOTA LANDCRUISER ကားတစ်စီးနှင့်အတူ မူးယစ်ဆေးဝါးများရောင်းရ ငွေကျပ် ၁၂ဝ၂ သိန်း ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၂ ရက်၊ နံနက် ၄ နာရီအချိန်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်း (အရှေ့)ရပ်ကွက်၌ ဝင်းအောင်အား PRADO ကားတစ်စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ သိန်း ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်သည့် ငွေကြေးစီးဆင်းမှုများကို စိစစ်ဖော်ထုတ်ခဲ့ရာတွင် ဒီဇင်ဘာ ၅ ရက်၊ နံနက် ၁ဝ နာရီအချိန်၌ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အိုင်ကြီးကျေးရွာနေ သန်းသန်းထွန်း (ခ) အိုက်စိုင်းအား SUPER CUSTOM ကားတစ်စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၇၆ သိန်း နှင့် ဘိန်းဖြူ ၈ ဒသမ ၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီဇင်ဘာ ၉ ရက်၊ ညနေ  ၃နာရီ ၃ဝ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်ရှီ မလားဆန်းခူးမီး အား ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ ဒသမ ၂ တန်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

၎င်းအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများကို မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ ရှမ်းပြည်နယ်မှ မန္တလေးနှင့် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းသို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စိတ်ကြွရူးသွပ်ဆေးပြားများထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းများကို ကလေး မြို့မှ ရှမ်းပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းများပြုလုပ်မည်ဖြစ်ကြောင်းလည်း စစ်ဆေးချက်များအရ သိရသည်။

ထို့ကြောင့် အဆိုဖြစ်စဉ်အတွင်းမှ ငွေကျပ် ၁ဝ ဒသမ ၄၄ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ နှင့် ဆက်စပ်သူ (၆)ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နောက်ထပ် ကွင်းဆက်တွေလဲရှိသေးတယ်။ အခုလိုဖမ်းမိတာလောက်နဲ့ မရပ်တန့်ပဲနဲ့ ကွင်းဆက်တွေကို ဆက်ဖမ်းဖို့ ရှိသေးတယ်။ အခုဖမ်းမိတာကလည်း မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့တွေဆီ ဖြန့်ကျက်ပြီးတော့မှ ချက်ချင်းစစ်ဆေးချက်တွေကို ဆက်တိုက်လုပ်တဲ့အတွက် အခုလိုကွင်းဆက်တွေရတာ။ အခုဖမ်းမိတဲ့လူထဲက အဓိကကျတဲ့တစ်ယောက်က ရန်ကုန်မှာ နေတာဆိုတော့ သူအိမ်သွားပြီး ထောက်လှမ်းတဲ့အခါမှာ အခုလိုဖမ်းမိတာ ပါ” ဟု မူးယစ်ရဲတပ်ဖွဲ့မှ အရာရှိကြီးတစ်ဦးက ပြောသည်။


ထို့ကြောင့် ၎င်းမူးယစ်မှောင်ခိုဂိုဏ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများ နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်တာတို့၊ ရောင်းချတာတို့အသုံးပြုတဲ့ကားတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ကို ငွေကြေးခဝါချမှုနဲ့ အရေးယူဖို့ သွားပြီးသိမ်းဆည်းထားတာပေါ့။ အဲဒါပြီးတာနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သက်ဆိုင်ရာတပ်ဖွဲ့တွေကနေ စိစစ်ပြီးတော့မှ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ကို လွှဲပေးဖို့ရှိတယ်။ အဲဒီကနေမှ သီးခြားငွေကြေးခဝါချအဖွဲ့ဖွဲ့ပြီး စိစစ်အရေးယူမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိ နစကလက်ထက်၌ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သယ်ဆောင်ရောင်းချသည့် ဖြစ်စဉ်များ အများအပြား တွေ့ရှိနေရလျက်ရှိပြီး ငွေကျပ်ဘီလျံနှင့်ချီကာ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များလည်း ရှိနေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြိတ်မြို့ရှိ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်း နေအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိခဲ့

RELATED POSTS
RECENT POSTS
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved