မြိတ်မြို့ရှိ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်း နေအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိခဲ့
မြူနစ် (NSS) - ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ သစ်တောနှင့်သတ္တုဝန်ကြီးဟောင်းနေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်စဉ်သည် ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်) ည ၇ နာရီ ၄ဝ မိနစ်အချိန်တွင် မြိတ်မြို့၊ ကလွင်ကျေးရွာ အုပ်စု၊ ကော့လိပ်ရပ်ကွက်၊ မြရိပ်ညို (၁၁)လမ်းရှိ ဝန်ကြီးဟောင်းဦးသိန်လွင်၏ နေအိမ်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
“သတင်းက မှန်ပါတယ်။ မနေ့ညက ၇ နာရီ ၄ဝ လောက်မှာ ပေါက်ကွဲမှုဖြစ်သွားတာပါ။ ပေါက်ကွဲသံက တော်တော် လေး ကျယ်ပါတယ်။ ဦးသိန်းလွင်ရဲ့ကားတော့ ပျက်စီးသွားတာတွေ ရှိတယ်။ လူထိခိုက်တာမျိုးတော့ မရှိပါဘူး” ဟု မြိတ်မြို့လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက NP News ကို ပြောသည်။
ဝန်ကြီးဟောင်း ဦးသိန်းလွင်၏ နေအိမ် ဖောက်ခွဲတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို လတ်တလော၌ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
ဦးသိန်းလွင်၏ နေအိမ်၌ ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာမှု မရှိခဲ့သော် လည်း ကားတစ်စီးနှင့် နေအိမ်ခြံစည်းရိုးသည် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ဦးသိန်းလွင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်တစ်ဦးဖြစ်ပြီး သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် တနင်္သာရီတိုင်းအစိုးရအဖွဲ့၌ သစ်တောနှင့်သတ္တုဝန်ကြီး၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်း သိရသည်။
လက်ရှိတွင် ဝန်ကြီးဟောင်း ဦးသိန်းလွင်အနေဖြင့် တနင်္သာရီတိုင်း၊ ကျွန်းစုဒေသဘက်၌ ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် လုပ်ဆောင်နေမှုများရှိသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို တိုက်ပွဲများရပ်တန့်ကာ ငြိမ်းချမ်းသွားမည်ကို မလိုလားသူများရှိနေဟု ဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ