ကျောက်တံခါးမြို့နယ်၌ KNU/PDF ပူးပေါင်းအဖွဲ့က ခရီးသည်တင်ရထားတစ်စင်းအား မိုင်းဆွဲတိုက်ခိုက်
Pearl (NSS) - ဒီဇင်ဘာ ၁၃
ကျောက်တံခါးမြို့နယ်၌ KNU/PDF ပူးပေါင်းအဖွဲ့က ခရီးသည်တင်ရထားတစ်စင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဒီဇင်ဘာ ၁၂ ရက်)၊ ည (၁ဝ) နာရီ ဝန်းကျင်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းရှိ သူဌေးကုန်းဘူတာအနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဘူတာအနီး၌ ခရီးသည်တင်ရထားတစ်စီးကို KNU/PDF ပူးပေါင်းအဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"ခရီးသည် ဒဏ်ရာရတာတော့ မရှိပါဘူး။ ရဲတစ်ယောက်တော့ ဒဏ်ရာရတယ်။ နောက်က ကုန်တွဲတစ်တွဲ ပြုတ်ကျ တယ်ကြားတယ်။ အဲဒီနားက လုံခြုံရေးတဲတွေကိုလည်း မီးရှို့သွားတယ်လို့ ပြောတယ်။ ရထားလမ်းပိုင်း ပျက်စီးမှု လည်း ရှိတယ်" ဟု လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်ကြောင့် ခရီးသည် ထိခိုက်ဒဏ်ရာမရရှိသော်လည်း ရဲဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန် - မန္တလေး လမ်းပိုင်း၏ ရထားခရီးစဉ်များ ခေတ္တရပ်နားထားပြီး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လတွင်လည်း ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း တွင် အမြန်ရထားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ခရီးသည် (၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း-ရုရှားစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့ဝင် သုံးသိန်းကျော် သေဆုံး၊ ဒဏ်ရာရခဲ့ဟု အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်ခု ဖော်ပြ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ