ယူကရိန်း-ရုရှားစစ်ပွဲအတွင်း ရုရှားတပ်ဖွဲ့ဝင် သုံးသိန်းကျော် သေဆုံး၊ ဒဏ်ရာရခဲ့ဟု အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်ခု ဖော်ပြ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၃
ရုရုား နှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲအတွင်း ရုရှားစစ်သားအနည်းဆုံး ၃၁၅ဝဝ ခန့် သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့အစီရင်ခံစာများတွင် ဖော်ပြထားသည်။
အဆိုပါထောက်လှမ်းရေးအစီအစဉ်ခံစာများနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံး နှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့က တစ်စုံတစ်ရာမှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။
နေတိုးမဟာမိတ်အုပ်စုထဲအဖွဲ့ဝင်နိုင်ငံအဖြစ် မဝင်ရောက်ရန် တားဆီးမှုများကို ယူကရိန်းနိုင်ငံက လက်မခံခဲ့သည့် အတွက် ရုရှားသည် ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အမေရိကန်ထောက်လှမ်ေးရး နှင့် နီးစပ်နေသောအမည်မဖော်လိုသူတစ်ဦးက စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှား တပ်ဖွဲ့ဝင် ၃၁၅ဝဝဝ ကျော် သေဆုံး၊ဒဏ်ရာရခဲ့ကြောင်း၊အဆိုပါအရေအတွက်က စစ်ပွဲတွင် ပါဝင်နေသည့် ရုရှားတပ်ဖွဲ့ဝင်အားလုံး၏ ၈၇ ရာခိုင်နှုန်းဖြစ်ကြောင်း ပြောသည်။
အမေရိကန်ထောက်လှမ်းရေးအစီအရင်ခံစာထဲတွင် ရုရှားသည် စစ်ပွဲအတွင်း ထိခိုက်ဆုံးရှုံးမှုများရှိနေသည့်အတွက် ယူကရိန်းစစ်ပွဲတွင် အရွယ်ရောက်ပြီးသား ရုရှားနိုင်ငံသားများကို စစ်သားအဖြစ်စေလွှတ်ရန် လူသစ်စုဆောင်းမည့် ဥပဒေကို ပြင်ဆင်နေကြောင်း ဖော်ပြထားသည်။
ရုရှားသည် ယူကရိန်းကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းပိုင်နက်ဒေသ လေးခုကို သိမ်းပိုက်ကာ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပကာ ရုရှားလက်အောက်ခံဒေသများအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
ယူကရိန်းစစ်တပ်သည် သိမ်းပိုက်ခံထားရသော နယ်မြေဒေသ ၄ ခုကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် ဇွန်လ အစောပိုင်းကတည်းက ကြီးမားသောတန်ပြန်ထိုးစစ်ဆင်မှုများ လုပ်ဆောင်ခဲ့သော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရဘဲ ရှိနေသည်။ ယူကရိန်းသမ္မတဇီလန်စကီးသည် ဆောင်းဦးကာလအတွင်း ရုရှားကို ထိုးစစ်ဆင် တိုက်ခိုက်ရန်အတွက် ငွေကြေးနှင့် စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် အမေရိကန်အစိုးရ နှင့် အမေရိကန်လွှတ်တော်ကို ထပ်မံတောင်းဆိုနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် လာမည့် ၂ဝ၂၄ ခုနှစ်အထိ နှေးကွေးနေဦးမည်ဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ