ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းကို PDF အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ ဝင်(၂)ဦး သေဆုံး
Pearl (NSS) - ဒီဇင်ဘာ ၁၃
ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းကို PDF အဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ (ဒီဇင်ဘာ ၁၃ ရက်)၊ နံနက် (၄)နာရီ ၊ (၂ဝ)မိနစ်တွင် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို PDF အဖွဲ့က အင်အားအလုံးအရင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ PDF အဖွဲ့သည် ညောင်ပင်သာမြို့၊ မြို့မ(၂)လမ်းဘက်မှ Light Truck ကားများဖြင့် ဝင်ရောက်လာကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ညောင်ပင်သာရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထိုသို့လာရောက်ပစ်ခတ်မှုကြောင့် တပ်မတော်ဘက်က လက်နက်ကြီးပစ်ကူ နှင့် လေယာဉ်ပစ်ကူများဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ရာ နံနက် (၅)နာရီကျော်အချိန်ခန့်တွင် PDFအဖွဲ့များအနေဖြင့်များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
"ရဲစခန်းကိုတော့ လက်ရှိ တပ်ကပဲ ထိန်းထားတယ်။ PDF အင်အားက ရာ ကျော်တယ်။ မြို့မ (၂)လမ်းဘက်က ဝင်လာတာ။ Light Truck ကားတွေနဲ့ ဝင်လာတာ။ ဒီဘက်ကလည်း လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ကူပစ်တယ်။ ခုတော့ ပြန်ဆုတ်သွားပြီ။ သူတို့ဘက်က အကျအဆုံးတော့ မသိရသေးဘူး။ ရဲတပ်ဖွဲ့ဘက်က ၂ ယောက်ကျတယ်။ (၃)ယောက် ဒဏ်ရာရတယ်" ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက NP News ကို ပြော သည်။
အဆိုပါဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် (၂)ဦး သေဆုံး၍ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း လက်ရှိတွင် ညောင်ပင်သာ စခန်းအား တပ်မတော်အဖွဲ့က ထိန်းချုပ်ထားနိုင်ကြောင်း သိရသည်။
အလားတူ ယခုနှစ်၊ နှစ်လယ်ပိုင်းတွင်လည်း ညောင်ပင်သာရဲစခန်းက PDF အဖွဲ့ဝင်များက လာရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားဖူးသည်။
လက်ရှိအချိန်တွင် ထိုကဲ့သို့ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်စွာ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံအပေါ် နိုင်ငံတကာ၏ထောက်ခံအားပေးမှုများ ကျဆင်းဆုံးရှုံးနေကြောင်း အမေရိကန်သမ္မတ သတိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ