အစ္စရေးနိုင်ငံအပေါ် နိုင်ငံတကာ၏ထောက်ခံအားပေးမှုများ ကျဆင်းဆုံးရှုံးနေကြောင်း အမေရိကန်သမ္မတ သတိပေး
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၃
ဟားမက်စ်လက်နက်ကိုင်အုပ်စုကို တိုက်ခိုက်ရာတွင် ပါလက်စတိုင်းပြည်သူများအပေါ် ဗုံးကြဲမိခြင်းများနှင့်ပတ်သက်ပြီး အစ္စရေးနိုင်ငံသည် လက်ရှိအချိန်တွင် နိုင်ငံတကာ၏ ထောက်ခံအာပေးမှုများ ကျဆင်းဆုံးရှုံးနေကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတိပေးပြောဆိုလိုက်သည်။
ဒီဇင်ဘာ ၁၂ ရက် ကျင်းပခဲ့သော ကုလသမဂ္ဂအဖွဲ့အစည်းအဝေး ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲရန် တိုက်တွန်း တောင်းဆိုမှုများထပ်မံဖြစ်လာခဲ့ပြီးနောက် အမေရိကန်သမ္မတက သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့သော ကုလသမဂ္ဂအဖွဲ့အစည်းအဝေးအတွင်း အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင် အဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲ အပစ်ခတ်ရပ်စဲရန် တောင်းဆိုထားသည့်မူကြမ်းကို မဲခွဲဆုံးဖြတ်ခဲ့ပြီး နိုင်ငံပေါင်း ၁၅၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ကာ နိုင်ငံပေါင်း ၂၃ နိုင်ငံက ကြားနေရပ်တည်ခဲ့ပြီး ကန်ကွက်မဲပေးခဲ့သောနိုင်ငံ ၈ နိုင်ငံ ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော သီတင်းပတ်က ကျင်းပခဲ့သော အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအတွင်လည်း ဂါဇာဒေသစစ်ပွဲ အပစ်ခတ်ရပ်စဲရန်တိုက်တွန်းတောင်းဆိုသည့်မူကြမ်းကို မဲခွဲ ဆုံးဖြတ် ခဲ့ပြီး ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ကာ ဗြိတိန်နိုင်ငံက ကြားနေမဲပေးခဲ့ပြီး အမေရိကန်နိုင်ငံက ကန့်ကွက်မဲပေးခဲ့ ကြောင်း သိရသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "အစ္စရေးနိုင်ငံရဲ့လုံခြုံရေးဟာ အမေရိကန်နိုင်ငံအပေါ် မှီခိုနေရတယ်။ လက်ရှိ အချိန်မှာတော့ အစ္စရေးဟာ အမေရိကန်နိုင်ငံထက် အခြားနိုင်ငံတွေအပေါ်လည်း အားထားသင့်တယ်။ အထူးသဖြင့် အစ္စရေးဟာ ဥရောပသမဂ္ဂအဖွဲ့ရဲ့ကူညီထောက်ပံ့ပေးမှုရသင့်တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အစ္စရေးဟာ ဂါဇာဒေသကို ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ထောက်ခံအားပေးမှုတွေ ဆုံးရှုံးနေရတယ်" ဟု ပြောသည်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုအနေဖြင့်လည်း အစ္စရေးအစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူများကို အပြောင်းအလဲလုပ်ဆောင်ရန်လိုအပ်ကြောင်း အမေရိကန်သမ္မတက ထပ်မံတိုက်တွန်း သတိပေးခဲ့သည်။ အစ္စရေး အစိုးရအဖွဲ့အတွင်းတွင် ပါလက်စတိုင်းကို လွတ်လပ်သောနိုင်ငံအဖြစ် အသိမှတ်မပြုလိုသော အစိုးရအဖွဲ့ဝင်များ ရှိနေကြောင်း သိရသည်။
သမ္မတဂျိုးဘိုင်ဒန်က "ဝန်ကြီးချုပ်နေတန်ရာဟု ဦးဆောင်နေတဲ့ လက်ရှိအစိုးရအဖွဲ့ဟာ အစ္စရေးနိုင်ငံသမိုင်းမှာ ကွန်ဆာဗေးတစ်အယူအဆ အားသန်တဲ့ဝန်ကြီးတွေ အများဆုံးပါဝင်နေတယ်။ ဝန်ကြီးချုပ်ဟာ ဒီအချက်ကို ပြောင်းလဲရမယ်။ ဒေသအတွင်း စုစည်းညီညွှတ်မှုတွေဖြစ်လာဖို့ အခွင့်အရေးကောင်းတွေကို စတင်သင့်တယ်" ဟု ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျောက်တံခါးမြို့နယ်၌ KNU/PDF ပူးပေါင်းအဖွဲ့က ခရီးသည်တင်ရထားတစ်စင်းအား မိုင်းဆွဲတိုက်ခိုက်
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ