တောင်ငူမြို့၌ ကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ဖော်ထုတ်နေ
Pearl (NSS) - ဒီဇင်ဘာ ၁၁
တောင်ငူမြို့၌ ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်များအား ဖော်ထုတ်နေကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်)၊ ညနေ (၃)နာရီခန့်တွင် ပဲခူးတိုင်း၊ တောင်ငူမြို့၊ (၁၉)ရပ်ကွက်ရှိ ကားဂိတ်တစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ (၁၉)ရပ်ကွက်ရှိ ကားဂိတ်တွင် ပါဆယ်ပစ္စည်းများလာရောက်ထုတ်ယူသူ အောင်ကျော်ဟိန်း(ခ)အောင်ကျော်အား စစ်ဆေးရှာဖွေမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ရှာဖွေရာ ၎င်းထုတ်ယူသည့် ဆာလာအိတ်အတွင်းမှ စိတ် ကြွရူးသွပ်ဆေးပြား ၅၀၀၀၀ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၁၀၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အောင်ကျော်ဟိန်း(ခ)အောင်ကျော်(၂၂)နှစ်အား တောင်ငူမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံကို အနောက်အုပ်စုနိုင်ငံများက ဖျက်ဆီးပစ်နိုင်မည်မဟုတ်ကြောင်း ရုရှားသမ္မတအခိုင်အမာပြောဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ