ရုရှားနိုင်ငံကို အနောက်အုပ်စုနိုင်ငံများက ဖျက်ဆီးပစ်နိုင်မည်မဟုတ်ကြောင်း ရုရှားသမ္မတအခိုင်အမာပြောဆို
Pika (NSS) - ဒီဇင်ဘာ ၁၁
အနောက်အုပ်စုနိုင်ငံများသည် ရုရှားနိုင်ငံကို ဖျက်ဆီးနိုင်ရန်ကြိုးပမ်းနေသော်လည်း အဆိုပါကြိုးပမ်းမှုများမှာ အောင်မြင်မှုမရှိကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့်လများအတွင်း စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုများကို သိသိသာသာတိုးမြှင့်နိုင်ခဲ့သည့်အတွက် ရုရှားနိုင်ငံ၏လက်နက်ထုတ်လုပ်သူများကို သမ္မတပူတင်က ချီးကျူးပြောဆိုခဲ့ကြောင်းလည်း သိရသည်။
ပူတင်က "အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနိုင်ငံကို ပိုမိုအားနည်းလာစေဖို့အတွက် ဘေးကိုဖယ်ထုတ်ထားခဲ့ကြပါတယ်။ အဆုံးမှာတော့ကျွန်တော်တို့ကို ဖျက်ဆီးပစ်ဖို့ လုပ်ဆောင်နေကြတာပါ။ ဒါပေမယ့် သူတို့တွေရဲ့ ကြိုးပမ်းမှုတွေ အောင်မြင်မှာမဟုတ်ပါဘူး။ ယူကရိန်းမှာက အနာဂတ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ယူကရိန်းဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ငွေကြေးနဲ့ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှုတွေအပေါ်ကို အပြည့်အဝမှီခိုနေရလို့ပါ"ဟုပြောဆိုခဲ့သည်။
ထို့ပြင် ရုရှား၏ နာဇီဝါဒဆန့်ကျင်ရေးနှင့် ယူကရိန်း၏ စစ်ရေးဆောင်ရွက်ချက်လုပ်ငန်းများ လျှော့ချရန် ရည်မှန်းချက်သည် မည်သည့်အခါမှပြောင်းလဲသွားမည်မဟုတ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဒီဇင်ဘာလ(၉)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ယူကရိန်း နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များရယူရန် အလားအလာများနှင့်ပတ်သက်သည့် မေးခွန်းများကို မာရီယာဇာခါရိုဗာက ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။
မာရီယာဇာခါရိုဗာက "ဘက်လိုက်ခြင်းတွေမရှိဖို့၊ ယူကရိန်းက နျူကလီး ယား ကင်းစင်တဲ့နိုင်ငံဖြစ်ဖို့၊ နာဇီဝါဒဖယ်ရှားဖို့၊ ယူကရိန်းရဲ့စစ်ရေးဆောင် ရွက်ချက်တွေ လျှော့ချဖို့၊ နယ်မြေဒေသအသစ်တွေကို အသိအမှတ်ပြုဖို့၊ ရုရှားစကားပြောတဲ့နိုင်ငံသားတွေနဲ့ ယူကရိန်းနိုင်ငံ အတွင်းနေထိုင်တဲ့တိုင်းရင်းသားလူနည်းစုတွေအတွက် အခွင့်အရေးတွေကို အာမခံပေးရပါမယ်။ ဒါက ငြိမ်းချမ်းရေးကို ရရှိဖို့ တစ်ခုတည်းသောနည်းလမ်းပါပဲ" ဟုပြောဆိုခဲ့သည်။
ရုရှားနိုင်ငံသည် ယူကရိန်း နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလုပ်ဆောင်ရန်အတွက် မည်သည့်အခါမှငြင်းဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း နှင့် အဆိုပါလုပ်ငန်းစဉ်သည် ယူကရိန်းနှင့် ၎င်း၏အနောက်အုပ်စုကျောထောက် နောက်ခံများ၏ လှုပ်ရှားမှုများအပေါ်တွင်သာ မူတည်ကြောင်း မာရီယာဇာခါရိုဗာက အလေးပေးပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန်များ၏ အစ္စရေးဆန့်ကျင်ရေးရပ်တည်ချက်များကို မကျေနပ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ