ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန်များ၏ အစ္စရေးဆန့်ကျင်ရေးရပ်တည်ချက်များကို မကျေနပ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
Pika (NSS) - ဒီဇင်ဘာ ၁၁
အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဒီဇင်ဘာလ(၁၀)ရက်တွင် ရုရှားသမ္မတပူတင်နှင့်စကားပြောဆိုခဲ့ပြီး ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန်များ၏ အစ္စရေးဆန့်ကျင်ရေးရပ်တည်ချက်များကို မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု အစ္စရေးအစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ထို့ပြင် အီရန်နှင့် ရုရှားတို့၏ အန္တရာယ်ရှိသော ပူးပေါင်းဆောင်ရွက်မှုများကိုလည်း သဘောမတူကြောင်း ရုရှားသမ္မတပူတင်ကို အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောဆိုခဲ့သည်ဟု အစ္စရေးအစိုးရ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဒီဇင်ဘာလ(၉)ရက်တွင် အမေရိကန်က ဗီတိုအာဏာသုံးကာပယ်ချခဲ့သော ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ရုရှားအစိုးရက ထောက်ခံခဲ့ကြောင်းလည်းသိရသည်။
ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားများ၏ ဒုက္ခများ သက်သာစေရန်နှင့် အစ္စရေး-ဟားမက်စစ်ပွဲ အရှိန်လျော့ကျစေရန်အတွက် တတ်နိုင်သမျှ အကူအညီအားလုံးကို ရုရှားဘက်ကပေးရန် အဆင်သင့်ရှိကြောင်း ရုရှားအစိုးရကပြောဆိုခဲ့သည်။
ရုရှားအစိုးရ၏ထုတ်ပြန်ချက်တွင် "သမ္မတပူတင်ဟာ အကြမ်းဖက်ဝါဒကို ပုံစံအမျိုးမျိုးနဲ့ ပြစ်တင်ရှုတ်ချပြီး အကြမ်းဖက်ဝါဒ ငြင်းဆန်ပယ်ချတဲ့မူကို ထပ်မံအတည်ပြုခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်တိုက်ခိုက်ရာမှာ အရပ်သားပြည်သူတွေအတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပွားမလာစေဖို့က အလွန်အရေးကြီးပါတယ်" ဟုပြောဆိုခဲ့သည်။
ထို့ပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို စောင့်ကြည့်ရန်အတွက် နိုင်ငံတကာစောင့်ကြည့်လေ့လာရေး မစ်ရှင်သည် ဂါဇာကမ်းမြောင်ဒေသကို သွားရောက်သင့်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ဒီဇင်ဘာလ(၁၀)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်း တောင်ကိုရီးယားကမ်းလွန် ပင်လယ်ဝါထဲသို့ ပျက်ကျ
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ