အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်း တောင်ကိုရီးယားကမ်းလွန် ပင်လယ်ဝါထဲသို့ ပျက်ကျ
Pika (NSS) - ဒီဇင်ဘာ ၁၁
အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်းသည် ဒီဇင်ဘာလ(၁၁)ရက်တွင် တောင်ကိုရီးယား ကမ်းလွန်ပင်လယ်ဝါထဲသို့ ပျက်ကျခဲ့ကြောင်း သတင်းများအရ သိရသည်။
ပြီးခဲ့သည့်လက ဂျပန်ကျွန်းအနီးတွင် အမေရိကန်၏ Osprey လေယာဉ်ပျက်ကျကာ လေတပ်သား(၈)ဦးသေဆုံးခဲ့ပြီးနောက် ယခုကဲ့သို့ ထပ်မံပျက်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ F-16 တိုက်လေယာဉ်သည် ဒီဇင်ဘာလ (၁၁)ရက်၊ နံနက်(၉)နာရီအချိန်တွင် ဆိုးလ်မြို့၏တောင်ဘက် ကီလိုမီတာ (၁၈၀)အကွာတွင်ရှိသော Gunsan မြို့မှ စတင်ပျံတက်ခဲ့ပြီးနောက် ပင်လယ်ဝါထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း Yonhap သတင်းအေဂျင်စီကဖော်ပြခဲ့သည်။
F-16 တိုက်လေယာဉ်တွင် လိုက်ပါသွားသော လေယာဉ်မှူးသည် ထိုင်ခုံနှင့်အတူ ကန်ထွက်နိုင်ခဲ့ကာ လေယာဉ်ပျက်ကျမှုမှ လွတ်မြောက်ခဲ့ကြောင်းလည်းသိရသည်။ အဆိုပါလေယာဉ်မှူးကို ပင်လယ်ထဲမှ အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် သတိလစ်မေ့မြောနေကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုများကို တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားခြင်းမျိုးမရှိသေးကြောင်းသိရသည်။ ပြီးခဲ့သည့်လက Yakushima ကျွန်းအနောက်တောင်ပိုင်းတွင် Osprey လေယာဉ်ပျက်ကျခဲ့ပြီးနောက် အမေရိကန်စစ်တပ်သည် ၎င်း၏လေယာဉ်ရာပေါင်းများစွာပါဝင်သော ရေတပ်စုတစ်ခုလုံးကို ပျံသန်းခြင်းခေတ္တရပ်ဆိုင်းခဲ့ကြောင်းသိရသည်။
ထို့နောက် Osprey လေယာဉ်ပျက်ကျရသည့်အကြောင်းအရင်းများနှင့်ပတ်သက်ပြီး စက်ပစ္စည်းများတွင် ပြဿနာရှိ/မရှိစစ်ဆေးရန် အမေရိကန်စစ်တပ်ကတိုက်တွန်းခဲ့ကြောင်း စစ်ဘက်ဆိုင်ရာအရာရှိများ၏ပြောကြားချက်အရသိရသည်။ အဆိုပါ Osprey လေယာဉ်သည် ရဟတ်ယာဉ်ကဲ့သို့ ဆင်းသက်နိုင်ပြီး လေယာဉ်ကဲ့သို့ ပျံသန်းနိုင်သော လေယာဉ်အမျိုးအစားတစ်ခုဖြစ်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အင်ဒိုနီးရှားတွင် အွန်လိုင်းဈေးဝယ်လုပ်ငန်းကို ပြန်လည်စတင်ရန်အတွက် TikTok နှင့် နည်းပညာကုမ္ပဏီ GoTo တို့ လက်မှတ်ရေးထိုး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ