လျှော်ဖြူခင်းအတွင်းရှိနေသည့် ဆယ်အိမ်မှူးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့မှု ငါန်းဇွန်မြို့နယ်တွင်ဖြစ်ပွား
ကျော် (NSS) - ဒီဇင်ဘာ ၉
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျွန်းကန်အနောက်ကျေးရွာ၏ ဆယ်အိမ်မှူးအား PDF အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်)၊ နံနက်ပိုင်းက PDF အဖွဲ့ဝင် ၂ ဦးသည် ငါန်းဇွန်မြို့နယ်၊ ဂျွန်းကန်အနောက်ကျေးရွာ၏ ဆယ်အိမ်မှူးဖြစ်သူ ဦးသိန်းမြင့်(၅၉)နှစ်အား လျှော်ဖြူခင်းအတွင်း၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
"ဆယ်အိမ်မှူးက သူပိုင်တဲ့လျှော်ဖြူခင်းထဲမှာရှိနေတဲ့အချိန် PDF ၂ ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ပစ်သွားတာ။ သူက ဆယ်အိမ်မှူးလည်းဖြစ်သလို တောင်သူတစ်ဦးလည်းဖြစ်ပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဆယ်အိမ်မှူးဦးသိန်းမြင့်သည် ဦးခေါင်းနောက်စေ့၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ငါန်းဇွန်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်၊ နေ့လည် ၁ နာရီခွဲခန့်ကလည်း ငါန်းဇွန်မြို့နယ်၊မြို့သာ(အရှေ့)ကျေးရွာ၊ အမှတ်(၄)ရပ်ကွက်တွင် နေအိမ်၌ စျေးဆိုင်ဖွင့်လှစ်ရောင်းချသည့် ဦးစိန်မြင့်အောင်(၆၃)နှစ်အား ဒလန်ဟုစွပ်စွဲ၍ PDF အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ဦးစိန်မြင့်အောင်သည် ဦးခေါင်းနောက်စေ့၌ ကျည်ဖောက်ဝင်ဒဏ်ရာရရှိ၍ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်များမှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရောက် MoU မြန်မာလုပ်သားများအနေဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှလွှဲပို့ရန် အလုပ်သမားဝန်ကြီး တိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ