ထိုင်းနိုင်ငံရောက် MoU မြန်မာလုပ်သားများအနေဖြင့် လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှလွှဲပို့ရန် အလုပ်သမားဝန်ကြီး တိုက်တွန်း
Pearl (NSS) - ဒီဇင်ဘာ ၉
ထိုင်းနိုင်ငံရောက် MoU မြန်မာလုပ်သားများအနေဖြင့် ရရှိလစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ လွှဲပို့ရန် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က တိုက်တွန်းပြောကြားခဲ့သည်။
အလုပ်သမားဝန်ကြီးဦးမြင့်နောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အလုပ်သမားရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေစဉ် ယမန်နေ့ (ဒီဇင်ဘာလ ၈ ရက်) ၌ ရစ်ချဘူရီမြို့ရှိ Thai Tan Food စက်ရုံနှင့် Star Food စက်ရုံရှိ MoU မြန်မာအလုပ်သမားများ နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် ရရှိလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံပေးပို့ကြရန် နှင့် Remitance Management System Mobile Application ဖြင့် မိသားစုများထံ တရားဝင်လမ်းကြောင်းမှ အလွယ်တကူ ငွေလွှဲစနစ်ဖြင့် လွှဲပို့နိုင်ရန်အတွက် အလုပ်သမားဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် လုပ်ငန်းခွင် အခက်အခဲပြဿနာများဖြစ်ပေါ်ပါက သက်ဆိုင်ရာပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ မြန်မာအေဂျင်စီများထံ ဆက်သွယ်ရန်၊ အလုပ်သမားသံအရာရှိရုံးနှင့် ဝန်ကြီးဌာနသို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံရန် ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် မြန်မာနိုင်ငံသို့ ငွေလွှဲရာတွင် လိမ်ညာခံရခြင်း၊ ငွေလွှဲခဈေးနှုန်းကြီးမြင့်ခြင်း၊ အာမခံချက်မရှိခြင်းတို့ကို ကြုံတွေ့နေရသဖြင့် တရားဝင်ငွေလွှဲနိုင်မည့် “ဒီးမန်းနီး” Dee Money တရားဝင်ငွေလွှဲဝန်ဆောင်မှုကိုလည်း မြန်မာ-ထိုင်း ဘဏ်မဟုတ်သော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းနှစ်ခု ပူးပေါင်း တည်ထောင်ထားပြီးဖြစ်သည်။
အဆိုပါ Dee Money Apps သည် တစ်ရက်လျှင် မြန်မာငွေ ၁၀,၀၀၀,၀၀၀ (သိန်း ၁၀၀) နှင့် ညီမျှသော ထိုင်းဘတ်ငွေကို လွှဲပြောင်းနိုင်ပြီး လွှဲခမှာ တစ်ကြိမ်လျှင် (၄၉) ဘတ်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမယ့် သမ္မတရွေးကောက်ပွဲကို တစ်ကျော့ပြန်ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ ရုရှားသမ္မတ ပူတင်ကြေညာ
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း