အင်းစိန်မြို့နယ်တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၉
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် ကား(၃)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေး အသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၉ ရက်)၊ ည ၁၁နာရီအချိန်တွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သီရိမင်္ဂလာလမ်းမကြီး၊ ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“GTI ကျောင်းသားလေးတွေမောင်းလာတဲ့ MARK X ကားက အရှိန်မထိန်းနိုင်ဘဲ ဆီထည့်ဖို့တန်းစီနေတဲ့ရှေ့က HIJET ကားကိုအရင် ဝင်တိုက်မိတာ။ ပြီးမှအတိုက်ခံရတဲ့ HIJET ကသူ့ရှေ့က (၆)ဘီးကားကို ထပ်တိုက်မိတာပေါ့။ နောက်ပြီး တိုက်တဲ့ကားကလဲ ခေါင်းလည်ပြီး လမ်းဘေးက ဓာတ်တိုင်ကိုဝင်တိုက်မိတာ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် MARK X ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၂၁)နှစ်အရွယ် ယာဉ်မောင်းအမျိုးသား နှင့် အသက်(၁၉)နှစ်အရွယ် အမျိုးသားတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိသည်။
“ထိခိုက်ဒဏ်ရာရတာက(၂)ယောက်ပါ။ တစ်ယာက်ကတော့ အဝါရောင်အဆင့်နဲ့။ ယာဉ်မောင်းတဲ့ကောင်လေးကတော့ လက်ကျိုးသွားတယ်။ ကျန်တဲ့ကလေးကတော့ အခြားထိခိုက်ဒဏ်ရာတွေရခဲ့တယ်။ ဝင်တိုက်ခံရတဲ့ HIJET ကားကတော့ သူ့ရှေ့က(၆)ဘီးကားကိုဝင်ဆောင့် မိတော့ ကားခေါင်းတော့ထိမိသွားတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယာဉ်တိုက်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသား(၂)ဦးအား တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လျှော်ဖြူခင်းအတွင်းရှိနေသည့် ဆယ်အိမ်မှူးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့မှု ငါန်းဇွန်မြို့နယ်တွင်ဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ