ကော့ကရိတ်မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့
ကျော် (NSS) - ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်းသို့ ယနေ့ (ဒီဇင်ဘာလ ၈ ရက်)၊ နံနက် ၇ နာ ရီ ၁၅ မိနစ်ခန့်တွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"လက်နက်ကြီးကျည်ကျပြီးပေါက်ကွဲပြီးပြီးချင်း မီးထလောင်တာပါ။ ခရိုင်/မြို့နယ်ပေါင်းထားပေးတဲ့ လျှပ်စစ်ရုံးဝင်းထဲက အဆောက်အဦးတစ်ခုကို ကူးစက်လောင်ကျွမ်းတာပါ။ ထိခိုက်ဒဏ်ရာရသူနဲ့သေဆုံးသူမရှိပါဘူး"ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
မြို့နယ်လျှပ်စစ်ရုံးအတွင်း မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာ ဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် စတင်လောင်ကျွမ်းပြီး တစ်နာရီခန့်အကြာ၌ ငြှိမ်းသတ်နိုင်ခဲ့ရကြောင်း သိရသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲကာ မီးလောင်မှုကြောင့် မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်းရှိ အလျား ၈၄ ပေ၊ အနံ ၄၂ ပေ၊ အမြင့် ၁၂ ပေရှိ အဆောက်အဦးပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
"ဘယ်ဘက်ကပစ်တဲ့ လက်နက်ကြီးလဲဆိုတာတော့ ကျွန်တော်တို့မသိဘူးဗျ။ ကော့ကရိတ်မှာက ဖုန်းလိုင်းတွေဖြတ်ထားတော့ မြို့နယ်လျှပ်စစ်ရုံးမီးလောင်တယ်ဆိုတာကိုပဲသိတယ်။ အဲဒီကအသင်းတွေနဲ့လည်း အဆက် အသွယ်လုပ်လို့မရသေးဘူး"ဟု မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်း ဝင်တစ်ဦးက ပြောသည်။
ကော့ကရိတ်မြို့နယ်အတွင်း၌ ဒီဇင်ဘာလ ၁ ရက်မှစတင်၍ လက်ရှိအချိန်အထိ တပ်မတော်နှင့်လက်နက်ကိုင်အဖွဲ့များကြားတိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့တွင်းနှင့်အနီးပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ ၁၅၀၀၀ ကျော်သည် မြဝတီမြို့တွင် စစ်ဘေးရှောင်များအဖြစ် နေထိုင်ရလျက်ရှိကြောင်း သိရသည်။
ထို့ပြင် အချို့စစ်ဘေးရှောင် ၁၀၀၀၀ ခန့်သည်လည်း ဘားအံမြို့တွင် စစ်ဘေးရှောင်များအဖြစ် တိမ်းရှောင်ရောက်ရှိနေထိုင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်သူများအတွက် လိုအပ်သော ဒီဇယ် နှင့် ဓာတ်မြေသြဇာများကို သက်သာသည့်ဈေးနှုန်းဖြင့် ရရှိနိုင်ရေးညှိနှိုင်းဆောင်ရွက်နေဟု MRF အသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ