တောင်သူများအတွက် လိုအပ်သော ဒီဇယ် နှင့် ဓာတ်မြေသြဇာများကို သက်သာသည့်ဈေးနှုန်းဖြင့် ရရှိနိုင်ရေးညှိနှိုင်းဆောင်ရွက်နေဟု MRF အသိပေး
ယွန်း (NSS) - ဒီဇင်ဘာ ၈
နွေစပါးရာသီ၌ တောင်သူများအတွက် လိုအပ်သော စက်မောင်းဆီ (ဒီဇယ်ဆီ) နှင့် ဓာတ်မြေသြဇာများကို သက်သာသည့်ဈေးနှုန်းဖြင့် လုံလောက်စွာရရှိနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ယနေ့(ဒီဇင်ဘာလ ၈ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ပို့ကုန်ကုမ္ပဏီများအနေဖြင့် ပို့ကုန်ဝင်ငွေ/နိုင်ငံခြားငွေအား အနစ်နာခံ၍ သက်သာသောနှုန်းဖြင့် ရောင်းချပေးနေမှုအပေါ် ပြန်လည်သုံးသပ်ပြီး ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် ပို့ကုန်ဝင်ငွေဆိုင်ရာသတ်မှတ်ချက်များကို ဖြေလျော့သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါနိုင်ငံခြားငွေ သတ်မှတ်ချက်များပြောင်းလဲမှုကို အခွင့်ကောင်းယူပြီး ပြည်တွင်းဆန်စပါးဈေးကွက်အတွင်းရှိ ဆန်ဈေးနှုန်းများအား လိုအပ်သည်ထက်ပို၍ တိုးမြှင့်ရောင်းချခြင်းမပြုရန်နှင့် သင့်တင့်သည့် ဈေးနှုန်းများအတိုင်းရောင်းချရန် MRF ကသတိပေးထားသည်။
လက်ရှိအချိန်သည် မိုးစပါးပေါ်ထွက်နေချိန်ဖြစ်ပြီး ပြည်တွင်းဆန်ဖူလုံမှုသည် လုံလောက်သည်ထက် ပိုလျှံနေခြင်းကြောင့် ပြည်သူများအနေဖြင့် လိုအပ်သည့်ပမာဏကိုသာ ဝယ်ယူရန် MRF ကအကြံပြုထားသည်။
ထို့ပြင် လတ်တလောကြုံတွေ့နေရသည့် စက်သုံးဆီများ ဝယ်ယူရေးဆိုင်ရာ အခက်အခဲများသည်လည်း ရက်ပိုင်းအတွင်း ပြေလည်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
အလားတူ နွေစပါးရာသီအတွက် လိုအပ်သည့် စက်သုံးဆီ(ဒီဇယ်ဆီ) နှင့် ဓါတ်မြေသြဇာများကို သက်သာသော ဈေးနှုန်းများဖြင့်လုံလောက်စွာရရှိရေးကိုလည်း ညှိနှိုင်းစီစဥ်ဆောင်ရွက်နေကြောင်း MRF က ထုတ်ပြန်ထားသည်။
ပြည်တွင်း၌ ဒီဇယ်ဆီ အပါအဝင် စက်သုံးဆီအချို့သည် ပြီးခဲသည့်ရက်ပိုင်းမှစ၍ ရန်ကုန်၊ မန္တလေးမြို့ကြီးများ အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့တွင် ပြတ်လပ်မှုများဖြစ်ပေါ်ခဲ့သည်။
အဆိုပါစက်သုံးဆီအခက်အခဲကြောင့် ယမန်နေ့(ဒီဇင်ဘာလ ၇ ရက်) ညပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ DENKO ဆီဆိုင်၌ စက်သုံးဆီ ဝယ်ယူရန်တန်းစီသူများနှင့် ဆိုင်ဝန်ထမ်းအချို့အကြား ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့ အပါအဝင် အခြားသောမြို့များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကားအများအပြားတန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူနေရသည့် ဖြစ်စဥ်များဖြစ်ပေါ်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားရောက်မြန်မာများအနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်မှစ၍ ဝင်ငွေခွန် ပေးဆောင်နိုင်မည်
RELATED POSTS
22 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း