ကိုရီးယားရောက်မြန်မာများအနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်မှစ၍ ဝင်ငွေခွန် ပေးဆောင်နိုင်မည်
စော (NSS) - ဒီဇင်ဘာ ၈
ကိုရီးယားရောက်မြန်မာနိုင်ငံသားများအနေဖြင့် ဒီဇင်ဘာလ ၁၁ ရက်မှစ၍ ဝင်ငွေခွန်ပေးဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံးက ယနေ့(ဒီဇင်ဘာလ ၈ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။
၂၀၂၃ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ ပြီးခဲ့သည့် စက်တင်ဘာလ ၁ ရက်မှစတင်၍ ပြည်ပနိုင်ငံ၌အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့်ရရှိသည့်လစာဝင်ငွေအပေါ် နည်းရာအခွန်ပမာဏဖြင့် တွက်ချက်ထားသည့် ဝင်ငွေခွန်ကို ပေးဆောင်ရမည်ဖြစ်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် ကိုရီးယားနိုင်ငံ၌ ရောက်ရှိနေထိုင်အလုပ်လုပ်ကိုင်ကြသော Passport Type (PJ) နှင့် (PB) ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများသည် မြန်မာသံရုံးသို့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန် လာရောက်ရာတွင် မိမိထမ်းဆောင်လိုသည့်ကာလများအတွက် အခွန်ပမာဏများကို ဒီဇင်ဘာလ ၁၁ ရက်မှစတင်၍ ပေးဆောင်နိုင်ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမြှင့်ပြီးသူများအနေဖြင့်လည်း မိမိထမ်းဆောင်လိုသည့်ကာလများအတွက် စတင်ပေးဆောင်နိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။
ပြည်ပနေ မြန်မာနိုင်ငံသားများ ပေးဆောင်ရမည့် လစာဝင်ငွေခွန်ပမာဏကို သိရှိနိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာန Website ဖြစ်သည့် http://www.ird.gov.mm ၏ Home page ရှိ လစာဝင်ငွေခွန် တွက်ချက်ရန်(ပြည်ပနေနိုင်ငံသား) Menu Link မှတစ်ဆင့် ဝင်ရောက်တွက်ချက်နိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လင်မယား(၂)ဦးစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူဓားခုတ်ခံရ
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း