လင်မယား(၂)ဦးစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူဓားခုတ်ခံရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၈
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် လင်မယား(၂)ဦးစကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူဓားဖြင့်ခုတ်ခံခဲ့ရကြောင်း မိုဃ်းကောင်းယသလူမှုနာမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဒီဇင်ဘာလ ၈ ရက်)၊ ညနေ ၄နာရီအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ သံ/ရှေ့အကွက်(၄၁၁)စည်ပင်လိုင်းခန်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လင်မယား(၂)ဦးရန်ဖြစ်ရင်းကနေ ယောက်ျားက မိန်းမကို ဓားနဲ့ခုတ်တာပါ။ ကျွန်တော်တို့လည်း အဲဒီလောက်ပဲသိရတာ။ ဓားဒဏ်ရာက များပေမယ့် စိုးရိမ်ရတဲ့အခြေနေတော့မရှိတော့ပါဘူး”ဟု မိုဃ်းကောင်းယသလူမှုနာမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါဓားခုတ်ခံရသည့် အမျိုးသမီးသည် အသက်(၃၂)နှစ်အရွယ်ဖြစ်ပြီး ဦးခေါင်း၌ပြတ်ရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဓားဖြင့်အခုတ်ခံရသည့် အမျိုးသမီးအား မိုဃ်းကောင်းယသလူမှုနာမှုကူညီရေးအသင်းက မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျုးလွန်သူအမျိုးသားအား သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေသတွင်း နှင့် နိုင်ငံတကာမျက်နှာစာတို့၌ မြန်မာ-ကမ္ဘောဒီးယား အပြန် အလှန် ထောက်ခံရပ်တည်ရေး ဆွေးနွေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ