ရန်ကုန်မြို့တွင် ရပ်ထားသည့်သဲကားအား TOWN ACE ကားမှအရှိန်လွန်ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NP News) - ဒီဇင်ဘာ ၈
ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ထားသည့် သဲကားတစ်စီးအား TOWN ACE ကားမှအရှိန်လွန်ဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Medical လူငယ်များလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဒီဇင်ဘာလ ၇ ရက်)၊ ည ၁၀ နာရီကျော်အချိန်ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်းမပေါ်၊ ချမ်းအေးမှတ်တိုင် နှင့် ဝေဘူးလမှတ်တိုင်ကြားရှိ အဲဗားဆောင်လုပ်ရေးဆိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါလမ်းပေါ်တွင် ရပ်ထားသည့်သဲကားတစ်စီးအား TOWN ACE ကားကအရှိန်လွန် ဝင်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်၊
ထိုသို့ ဝင်တိုက်မိမှုကြောင့် TOWN ACE ကားပေါ်မှ အသက်(၃၅)နှစ်ရှိ ဦးနေဇော်ထွေးသည် ကားခေါင်းခန်းအတွင်းညပ်ကာ ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားအား မြေပြင်ဆေးကုသမှုများပြုလုပ်ပေးပြီးနောက် ဆန်ရေလူမှုကူညီရေးအသင်းမှ သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကော့ကရိတ်မြို့နယ်လျှပ်စစ်ရုံးဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် မီးလောင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ