Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
F-15 တိုက်လေယာဉ်ပျက်ကျမှုအတွင်း ဆော်ဒီအာရေးဗျမင်းသား သေဆုံးခဲ့ကြောင်း မီဒီယာများ ဖော်ပြ

Pika (NSS) - ဒီဇင်ဘာ ၈ 

ဆော်ဒီအာရေးဗျမင်းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud သည် အသက် (၆၂)နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဆော်ဒီအာရေးဗျအစိုးရက ဒီဇင်ဘာလ(၇)ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ 

မင်းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud သည် လေယာဉ်ပျက်ကျမှုအတွင်း သေဆုံး သွားခဲ့ခြင်းဖြစ်ကြောင်း အာရပ်မီဒီယာများက ဖော်ပြခဲ့သည်။ ဆော်ဒီအာရေးဗျတော်ဝင်တရားရုံးသည် မင်းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud ကွယ်လွန်ကြောင်း  ထုတ်ပြန်ချက်အတိုတစ်ခု ထုတ်ပြန်ခဲ့ပြီး ဈာပနဆုတောင်းပွဲများကို ရီယာ့ဒ်မြို့ရှိ  Imam Turki bin Abdullah ဗလီတွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။


ဆော်ဒီအာရေးဗျတော်ဝင်တရားရုံး၏ ထုတ်ပြန်ချက်တွင် သေဆုံးရသည့်အကြောင်းအရင်းကို ရေးသားဖော်ပြထား ခြင်းမျိုး မရှိကြောင်း သိရသည်။ သို့သော်လည်း မင်းသား Talal bin Abdulaziz bin Bandar bin Abdulaziz Al Saud ၏ F-15 တိုက်လေယာဉ်သည် ဒီဇင်ဘာလ(၇)ရက် အစောပိုင်းတွင် လေတပ်နှင့် လေ့ကျင့်ရေးတစ်ခုအတွင်း ပျက်ကျခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း  လက်ဘနွန်အခြေစိုက် Al Mashhad သတင်းစာက ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ(၇)ရက်တွင် ဆော်ဒီအာရေးဗျလေတပ်၏ တိုက်လေယာဉ်များထဲမှတစ်စင်းသည် လေ့ကျင့်ရေးမစ်ရှင် တစ်ခုအတွင်း ပျက်ကျခဲ့ရာ လိုက်ပါသွားသည့်စစ်သားအားလုံး သေဆုံးသွားခဲ့ကြောင်း ဆော်ဒီအာရေးဗျ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

လေ့ကျင့်ရေးမစ်ရှင်တွင် ပါဝင်ခဲ့သော F-15 တိုက်လေယာဉ်သည် Dhahran မြို့ရှိ King Abdulaziz လေတပ် အခြေစိုက်စခန်းတွင် ပုံမှန်လေ့ကျင့်ရေးပျံသန်းမှုများ လုပ်ဆောင်နေချိန်အတွင်း ယခုကဲ့သို့ပျက်ကျခဲ့ခြင်းဖြစ် ကြောင်း ဆော်ဒီအာရေးဗျကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ် Turki al-Maliki က ပြောကြားခဲ့သည်။ 

အဆိုပါ F-15 တိုက်လေယာဉ် ပျက်ကျမှု ဘာကြောင့်ဖြစ်ပွားရသည်ဆိုသည့်အချက်ကို ဆက်လက်စုံစမ်းစစ်ဆေး နေဆဲဖြစ်ကြောင်း Turki al-Maliki က ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် ဆော်ဒီအာရေးဗျလေတပ်မှ F-15 တိုက်လေယာဉ်တစ်စင်းသည် Khamis Mushait မြို့တွင် လေ့ကျင့်ရေးမစ်ရှင်တစ်ခုအတွင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူအားလုံးသေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် နောက်ထပ် F-15 တိုက်လေယာဉ်တစ်စင်းသည် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများကြောင့် King Abdulaziz လေတပ်အခြေစိုက်စခန်း လေ့ကျင့်ရေးနေရာတွင် ပျက်ကျခဲ့ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါ F-15 တိုက်လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် အရာရှိနှစ်ဦးသည် ၎င်းတို့၏ ထိုင်ခုံများနှင့်အတူ ကန်ထွက်ခဲ့ပြီးနောက် အသက်ရှင်လွတ်မြောက်ခဲ့ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယူကရိန်းပဋိပက္ခ အဆုံးသတ်လိုပါက ဥရောပသမဂ္ဂအနေဖြင့် ရုရှားကို ဘေးသို့ ဖယ်ထုတ်နေခြင်းအား ရှောင်ရှားရမည်ဖြစ်ကြောင်း ဥရောပဆိုင်ရာ တရုတ်သံတမန်ပြော

RELATED POSTS
RECENT POSTS
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved