Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်လယ်နီအတွင်း ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က လုပ်ဆောင်နေသောတိုက်ခိုက်မှုများတွင် အီရန် ပါဝင်ပတ်သက်နေသည်ဟု ယုံကြည်ကြောင်း အမေရိကန်အစိုးရပြော

Pika (NSS) - ဒီဇင်ဘာ ၈ 

အစ္စရေးနိုင်ငံနှင့် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်ရန်နှင့် အစီအစဉ်ဆွဲရန် အတွက် ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့များကို အီရန်လက်နက်ကိုင်တပ်ဖွဲ့ဝင်များက ကူညီပေးနေသည် ဟု အမေရိကန်အစိုးရက ယုံကြည်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေး လက်ထောက်အကြံပေး Jon Finer က ဒီဇင်ဘာလ(၇)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

Jon Finer က "အစ္စရေးနဲ့ ပင်လယ်နီအတွင်းမှာရှိတဲ့သင်္ဘောတွေကို တိုက်ခိုက်မှုတွေမှာ အီရန်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ပါဝင်နေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ အီရန်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက် မှုတွေနဲ့ပတ်သက်ပြီး ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့အတွက် အစီအစဉ်ဆွဲပေးတာမျိုးတွေ၊ ကူညီထောက်ပံ့ပေးတာမျိုးတွေ လုပ်ဆောင်ပေးနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု ပြောခဲ့သည်။


သို့သော်လည်း အစ္စရေးနှင့် ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့များက ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုတွင် ပါဝင်ပတ်သက်ခြင်းမျိုးမရှိကြောင်း အီရန်ဖက်က ပြန်လည်တုံ့ပြန် ငြင်းဆိုထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက်တွင် ဟားမက်လက်နက်ကိုင်အဖွဲ့သည် အစ္စရေးကို ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အစ္စရေးနိုင်ငံတောင်ပိုင်းကို ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့ရာ အစ္စရေးဖက် လူ(၁၂ဝဝ) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် အစ္စရေးဖက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လက်ရှိ အချိန်အထိ ပါလက်စတိုင်းနိုင်ငံသား(၁၅၉ဝဝ) ဝန်းကျင် သေဆုံးထားကြောင်း သိရသည်။ 

ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေးတပ်ဖွဲ့ဝင်များ၏ ထိုးစစ်ဆင်နေမှုများကို လက်တုံ့ပြန်သည့်အနေဖြင့် ယခုကဲ့သို့ တိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ယီမင်အခြေစိုက်  ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။ ထို့အပြင် ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ကို အီရန်က ကျောထောက်နောက်ခံပြုထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

F-15 တိုက်လေယာဉ်ပျက်ကျမှုအတွင်း ဆော်ဒီအာရေးဗျမင်းသား သေဆုံးခဲ့ကြောင်း မီဒီယာများ ဖော်ပြ

RECENT POSTS
ယူနွတ်၏ဖိတ်ကြားချက်အရ လူထုအုံကြွမှုတော်လှန်ရေး၌ ဒဏ်ရာရသူများကို ကုသပြုစုရန်ဟုဆိုကာ တရုတ်ဆေးအဖွဲ့ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိ
24 Sep 2024
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ကြောင်း တောင်ကိုရီးယားအစိုးရပြော
24 Sep 2024
ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ သွယ်ဝိုက်ကူညီနေသည်ဆိုသော သတင်းများကို အိန္ဒိယအစိုးရ ငြင်းဆန်
24 Sep 2024
နိုင်ငံအနှံ့ ရေဘေးဒဏ်ခံစားနေရသော်လည်း NUG-PDF များက အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်နေမှု ဆက်လက်မြင့်တက်
24 Sep 2024
ပြင်သစ်သမ္မတက ရွေးချယ်ခန့်အပ်ထားသည့် ဝန်ကြီးချုပ်အသစ် နုတ်ထွက်ရဖွယ်ရှိနေ
24 Sep 2024
ယူကရိန်းစစ်ပွဲအတွက် ဒရုန်း အစင်းရေ တစ်သန်းခွဲနီးပါး တိုးမြှင့်ထုတ်လုပ်မည်ဟု ရုရှားသမ္မတပူတင် ပြော
24 Sep 2024
ကျောက်မဲမှထွက်ခွာသူများကို TNLA က လူသားတံတိုင်းလုပ်ရန် ခြိမ်း ခြောက်ပြီးပြန်ခေါ်နေ
24 Sep 2024
ထိုင်ဝမ်အရေး၌ အမေရိကန်စစ်တပ်နှင့်ဆက်နွှယ်နေသည့် ကုမ္ပဏီ(၉)ခုကို တရုတ်အစိုးရ ပိတ်ဆို့မှုချမှတ်
24 Sep 2024
ဂျိုးဘိုင်ဒန် သက်တမ်းမကုန်ဆုံးမီ ဂါဇာအပစ်ရပ်စာချုပ် ဖြစ်လာနိုင်ဖွယ် မရှိဟု အမေရိကန်အရာရှိများယုံကြည်နေ
24 Sep 2024
အိန္ဒိယ-မြန်မာ ကုန်သွယ်မှုတွင် ရူးပီးနှင့် ကျပ်ငွေပေးချေမှုကို တိုးမြှင့်ရန်စီစဉ်
23 Sep 2024
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved