အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့ရှိ တက္ကသိုလ်တစ်ခုတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၃)ဦး သေဆုံး
Pika (NSS) - ဒီဇင်ဘာ ၇
အမေရိကန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် ဒီဇင်ဘာ(၆)ရက်က သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုများကြောင့် အနည်းဆုံးလူ(၃)ဦးသေဆုံးခဲ့ပြီး အခြားလူတစ်ဦး ထိိခုက်ဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ထို့နောက် ရဲတပ်ဖွဲ့သည် အဆိုပါသေနတ်သမားကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ ဖြစ်ရပ်သည် နီဗားဒါပြည်နယ် လက်စ်ဗီးဂတ်စ်မြို့ရှိ ခရီးသွားများဖြင့် ပြည့်ကျပ်နေသော Las Vegas Strip လမ်း လောင်းကစားစင်တာအနီးတွင်ရှိသော University of Nevada တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Las Vegas မြို့ရဲအရာရှိ Kevin McMahill က "ဒီပစ်ခတ်မှုအတွင်းမှာ လူ(၃)ဦး သေဆုံးခဲ့ပါတယ်။ အခြားလူ တစ်ဦးကတော့ ထိခိုက်ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရရှိခဲ့ပေမယ့်လည်း ပြန်လည်သက်သာလာပါပြီ" ဟု ပြောခဲ့သည်။
University of Nevada တွင် ဒီဇင်ဘာလ(၆)ရက် နံနက်(၁၁)နာရီ (၄၅)မိနစ်အချိန်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိပြီးနောက် ရဲတပ်ဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ခဲ့ကြောင်း Kevin McMahill က ပြောခဲ့သည်။
တက္ကသိုလ်ရဲမှူးချုပ် Adam Garcia က "ရဲတပ်ဖွဲ့ဝင်နှစ်ဦးဟာ အခင်းဖြစ်ပွားရာနေရာကို ချက်ချင်းသွားရောက်ခဲ့ပြီး တော့ သေနတ်သမားကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။ University of Nevada အပြင်ဘက်တွင် တက္ကသိုလ်ကျောင်းသားများ စုဝေးနေစဉ်အချိန်အတွင်း အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Kevin McMahill က "ကျောင်းသားတွေဟာ အစားအသောက်တွေ စားနေကြရင်း ဂိမ်းကစားနေကြတာပါ။ ကျောင်းသားတွေဟာ Legos အရုပ်တွေ ဆောက်ဖို့ လုပ်နေကြတာပါ။ အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက တစ်ဦးရဲ့လုပ်ရပ်ကြောင့်သာမဟုတ်ရင် နောက်ထပ်လူအများအပြား သတ်ဖြတ်ခံရနိုင်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စင်ကာပူမှာ ကြွက်သေများနဲ့ ဖုန်မှုန့်အညစ်အကြေးများ တွေ့ရှိရခြင်းကြောင့် Proofer Bakery ဒဏ်ရိုက်ခံရ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ