စင်ကာပူမှာ ကြွက်သေများနဲ့ ဖုန်မှုန့်အညစ်အကြေးများ တွေ့ရှိရခြင်းကြောင့် Proofer Bakery ဒဏ်ရိုက်ခံရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၇
စင်ကာပူနိုင်ငံမှာ Proofer Bakery ကို ကြွက်သေများ၊ မီးဖိုချောင်အတွင်း ဖုန်မှုန့်များနဲ့ အညစ်အကြေးများ တွေ့ရခြင်းကြောင့် စင်္ကာပူအစားအစာအေဂျင်စီ (SFA) က ဒီဇင်ဘာ ၆ ရက်မှာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၃ဝဝဝ ဒဏ်ရိုက်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံတစ်ဝှမ်းမှာ ဆိုင်ခွဲပေါင်း ၁၇ ဆိုင် ဖွင့်လှစ်ထားတဲ့ Bakery လုပ်ငန်း ကိုယ်စားလှယ်တစ်ဦးက အစားအသောက်ရောင်းချခြင်း စည်းမျဉ်းအရ လိုင်စင်ရ စားသောက်ကုန်လုပ်ငန်းကို သန့်ရှင်းပြီး စနစ်တကျ ထိန်းသိမ်းဖို့ ပျက်ကွက်ခြင်းအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်က MacPherson ဧရိယာ၊ 171 Kampong Ampat ရှိ KA Foodlink မှာ Proofer ရဲ့မီးဖိုချောင်ကို တာဝန်ရှိသူတွေက စစ်ဆေးတဲ့အခါ ညစ်ပတ်ခြင်းကြောင့်ဖြစ်တဲ့ ပိုးမွှား ကျရောက်မှုတွေ၊ ကြွက်သေကောင်တွေနဲ့ အမှိုက်သရိုက်တွေ တွေ့ရှိခဲ့တယ်လို့ SFA က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အအေးခန်း နံရံများလည်း ပျက်စီး၊ ညစ်ပတ်ကာ အစွန်းအထင်းတွေ ရှိနေပြီး အပေါက်တွေ တွေ့ရှိရ တယ်လို့ သိရပါတယ်။ ဒါကြောင့် ကာကွယ်မှုအနေနဲ့ SFA က ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၂၆ ရက်မှာ ၎င်းရဲ့ လက်လီ ၁၆ ဆိုင်မှာ အစားအသောက်ထုတ်ကုန်များ ပြန်လည်သိမ်းဆည်းဖို့ ကုမ္ပဏီကို ညွှန်ကြားခဲ့ပါတယ်။
အဆိုပါဆိုင်းငံ့မှုကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်မှာတော့ ပြန်လည် ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ စင်ကာပူမှာ လိုင်စင်ရ စားသောက်ဆိုင်မှာ သန့်ရှင်းသပ်ရပ်မှုမရှိရင် အမြင့်ဆုံးဒဏ်ငွေ စင်ကာပူဒေါ်လာ ၅ဝဝဝ ထိ ချမှတ်ခံရနိုင်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာ ၇ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ