မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁ဝဝဝ ကျော်ကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း ဗီယက်နမ်အစိုးရပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၇
ဗီယက်နမ်အစိုးရသည် မြန်မာနိုင်ငံတွင် ပိတ်မိနေသည့် ဗီယက်နမ် နိုင်ငံသား ၁ဝ၂ဝ ဦးကို ဒီဇင်ဘာ ၄ ရက်၊ ၅ ရက် နှင့် ဒီဇင်ဘာ ၆ ရက်တို့တွင် ဆက်တိုက်ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဗီယက်နမ်အစိုးရသည် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်တိုက်ပွဲဇုန်အတွင်း ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသား ၁ဝ၂ဝ ဦးကို လေကြောင်းခရီးစဉ် ၉ ခုဖြင့် ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဗီယက်နမ်အစိုးရသည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပိတ်မိနေသူများကို ဒီဇင်ဘာ ၄ ရက်တွင် ပထမဆုံး စတင်ခေါ်ယူခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက်တွင် ဗီယက်နမ်နိုင်ငံသား ၃၃၈ ဦး၊ ဒီဇင်ဘာ ၆ ရက်တွင် ဗီယက်နမ်နိုင်ငံသား ၄၄၂ ဦးတို့ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်အစိုးရသည် ဗီယက်နမ်နိုင်ငံသားများအပြင် အီဂျစ်၊ မလေးရှား နှင့် စင်ကာပူနိုင်ငံသားများကိုလည်း မိခင်နိုင်ငံသို့ပြန်ရန် ကူညီပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ပြန်လည်ကယ်တင်ခဲ့သူအများစုသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ အွန်လိုင်းမှတဆင့် လိမ်လည်မှုကျူးလွန်နေသည့်ဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသူများ ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံရုံးတို့သည် ဗီယက်နမ်နိုင်ငံသားများ မိခင်နိုင်ငံသို့ပြန်နိုင်ရန်အတွက် ဗီဇာအပြင် အခြားလိုအပ်သည့်အရာများကို ကူညီပေးခဲ့ကြောင်းသိရသည်။
ဗီယက်နမ်အစိုးရသည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင်ပိတ်မိနေသည့် ဗီယက်နမ်နိုင်ငံသားများ ပြန်လည်ခေါ်ယူရေးအတွက် ကုန်ကျစရိတ်အားလုံးကို အကုန်ကျခံမည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီမြို့မရဲစခန်းဝင်းအတွင်းသို့ Drop Bomb ကျရောက်ပေါက်ကွဲမှု ထပ်မံဖြစ်ပွား
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ