Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံသားများ ပါဝင်ဆက်နွယ်နေသည့် လူ့ခန္ဓာကိုယ်အတွင်းရှိ ကျောက်ကပ်အရောင်းအဝယ်ကိစ္စများကို စုံစမ်းစစ်ဆေးမည်ဟု အိန္ဒိယအစိုးရပြော

Pika (NSS) - ဒီဇင်ဘာ ၆

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ  အမျိုးသားကိုယ်တွင်းအင်္ဂါနှင့် တစ်ရှူးအစားထိုးအဖွဲ့ (NOTTO) သည် Indraprastha Apollo ဆေးရုံ ပါဝင်ပတ်သက်သည့် ငွေသား-ကျောက်ကပ် အရောင်းအဝယ် အရှုပ်တော်ပုံ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း News18 သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ပုဂ္ဂလိကဆေးရုံအဖွဲ့သည် မြန်မာနိုင်ငံမှ လူတစ်ဦးချင်းစီ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို ငွေကြေးရရှိရန် အတွက် ရောင်းစားရန် ဖြားယောင်းသွေးဆောင်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းစာ The Telegraph က ဖော်ပြခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက "ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို စတင် လုပ်ဆောင်နေပြီလို့ NOTTO က ကျွန်တော်တို့ကို အကြောင်းကြားခဲ့ပါတယ်။ ဒီကိစ္စမှာ နိုင်ငံတကာချိတ်ဆက်မှု တွေလည်း ပါဝင်တာကြောင့် စုံစမ်းစစ်ဆေးဖော်ထုတ်နိုင်ဖို့ အချိန်တစ်ခုတော့ပေးရပါလိမ့်မယ်" ဟု ပြောခဲ့သည်။

ဒီဇင်ဘာလ(၃)ရက်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် "မြန်မာနိုင်ငံက လူငယ်တွေဟာ ချမ်းသာတဲ့ မြန်မာလူမျိုး တွေဆီကို သူတို့ရဲ့ကျောက်ကပ်တွေကို လှူဒါန်းခြင်းဖြင့် လျော်ကြေးငွေရရှိဖို့အတွက် Indraprastha Apollo ဆေးရုံကို သွားခဲ့ကြပါတယ်" ဟု ဖော်ပြထားသည်။ 

အဆိုပါစွပ်စွဲပြောဆိုချက်များကို Indraprastha Medical Corporation Ltd (IMCL) က ငြင်းဆိုခဲ့ပြီး ယင်းစွပ်စွဲ ချက်များမှာ မဟုတ်မမှန်ဘဲ လှည့်ဖြားထားသော ပြောဆိုချက်များသာဖြစ်ကြောင်း ပြန်လည်တုံ့ပြန်ထားသည်။ Apollo ဆေးရုံသည် အိန္ဒိယ၏ အကြီးဆုံးဆေးရုံတစ်ခုဖြစ်ပြီး နှစ်စဉ် အစားထိုးကုသမှုပေါင်း(၁၂၀၀)ကျော် လုပ်ဆောင်ကာ ကမ္ဘာတစ်ဝန်းမှ ချမ်းသာသော လူနာများကို ဆွဲဆောင်လျက်ရှိသည်။


IMCL က "အချက်အလက်တွေအားလုံးကို သက်ဆိုင်ရာသတင်းထောက်တွေကို အသေးစိတ်မျှဝေထားပါတယ်။ ပြောရမယ်ဆိုရင် IMCL ဟာ အစိုးရက ချမှတ်ထားတဲ့လမ်းညွှန်ချက်တွေ အပါအဝင် အစားထိုးခြင်းဆိုင်ရာလုပ်ထုံး လုပ်နည်းတွေအတွက် ဥပဒေနဲ့ကျင့်ဝတ်ဆိုင်ရာလိုအပ်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပါတယ်" ဟု ပြောခဲ့ သည်။

မြန်မာနိုင်ငံမှ လူငယ်များသည်  Apollo ဆေးရုံသို့သွားရောက်ခဲ့ပြီးနောက် ချမ်းသာသော မြန်မာလူမျိုးများကို ၎င်းတို့၏ ကျောက်ကပ်များရောင်းချနိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း The Telegraph သတင်းစာ၏ စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

အစီရင်ခံစာတွင် "ဒါဟာ တကယ်ကိုကြီးမားတဲ့ စီးပွားရေးတစ်ခုပါ။ လိမ်လည်မှုတွေမှာ အထောက်အထား စာရွက် စာတမ်းတွေကို အသေးစိတ်ကအစ အတုလုပ်တာမျိုးတွေလည်း ပါဝင်ပါတယ်" ဟု ဖော်ပြထားသည်။ 

အိန္ဒိယနှင့် မြန်မာဥပဒေများအရ လူနာတစ်ဦးသည် ပုံမှန်အခြေအနေများတွင် သူစိမ်းထံမှ ကိုယ်တွင်းအင်္ဂါ လှူဒါန်း မှုများကို လက်ခံ၍မရကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ထိုင်ဝမ်ရေလက်ကြားသို့ ဖြတ်ကျော်ဝင်ရောက်လာသော အမေရိကန်ကင်းလှည့်လေယာဉ်ကို စောင့်ကြည့်ရန်အတွက် တိုက်လေယာဉ်များစေလွှတ်ခဲ့ကြောင်း တရုတ်စစ်ဘက်ပြော

RELATED POSTS
RECENT POSTS
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved