ပေါင်းတည်မြို့နယ်၌ PDF အဖွဲ့က အမျိုးသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ လမ်းပေါ်၌ ခေါင်းဖြတ်သတ်မှုဖြစ်ပွား
NSS - ဒီဇင်ဘာ ၆
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် PDF အဖွဲ့က အမျိုးသားတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ လမ်းပေါ်၌ ခေါင်းဖြတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော (ဒီဇင်ဘာလ ၁ ရက်)၊ ည ၁ နာရီခွဲအချိန်တွင် ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံ ခန့်အကွာ၊ မြေသားလမ်းပေါ်တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးတင်မောင်ဝင်း(၅၃)နှစ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ဝင်(၅)ဦး ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင် သွားကာ အထက်ပါနေရာအရောက်တွင် ဓားဖြင့်ထိုးခုတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သတ်ဖြတ်ခံရမှုကြောင့် ဦးတင်မောင်ဝင်းတွင် ဦးခေါင်းပြတ်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဦးတင်မောင်ဝင်းသည် ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာ၏ ရာအိမ်မှူးတစ်ဦးဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ဥပဒေနှင့်အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
၎င်းအား ပြည်ခရိုင် PDF အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း BAGO REGION PDF အဖွဲ့ကထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးတောင်ပိုင်းကို ဝင်ရောက်စီးနင်းမှုအတွင်း ဟားမက်လက်နက်ကိုင်အဖွဲ့က အမျိုးသမီးများကို အဓမ္မပြုကျင့်ကာ ကိုယ်လက်အင်္ဂါများကို ဖြတ်တောက်ခဲ့ကြောင်း အမေရိကန်သမ္မတပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ